Part-17
"ဂျုံအင် "
စိတ်ထဲမှ နာမည်ခေါ်သံသည် နှုတ်ဖျားမှ ထွက်ကျလာခဲ့သည်။ ဂျုံအင်ကတော့ ဘာမှမဖြစ်သလို ဆယ်ဟွန်းကိုစိုက်ကြည့်လာရင်း
" အပြင်မှာပြောရအောင်"
ပြောပြီးတာနဲ့ဆယ်ဟွန်းလက်ကို ဆွဲကာ အပြင်ဘက်ကို ခေါ်ထုတ်လာခဲ့သည်။ဂျုံအင့်ဘေးက ကောင်မလေးကတော့ ဆိုဖာပေါ်မှာထိုင်လျက်ကျန်ခဲ့လေသည်။
အိမ်ရှေ့တွင်ရပ်ထားသည့် ဆယ်ဟွန်း ကားပေါ်သို့ ဂျုံအင် တက်ထိုင်လိုက်ကာ ကိုယ်တိုင်မောင်းရင်း လမ်းခုလတ်ရောက်တော့ ကားကိုရပ်လိုက်ကာ ဆယ်ဟွန်းကိုပါဆွဲချလာခဲ့သည်။ မှုန်မှိုင်းနေသည့်ကောင်းကင်ကြီးကို တချက်မော့ကြည့် ကာ ဆယ်ဟွန်းဘက်ကို ပြန်ကြည့်လိုက္ သည်။
"မေးချင်တာ မေးလို့ရတယ် ငါ့ကို"
"ခဏ ခဏ ဂျုံအင်"
အခုချိန်ထိ ဆယ်ဟွန်းစိတ်တွေ မငြိမ်သက်သေး ကိုယ့်စိတ်ကို ပြန်တည်ဆောက်နေရတာ ဆယ်ဟွန်းအတွက်အရမ်းခက်ခဲပါသည်။ မြင်လိုက်ရသည့် မြင်ကွင်းကို အခုအချိန်အထိ သူမယုံကြည်နိုင်သေးပါ
" အဲ့ဒီ အဲ့ဒီကောင်မလေးက ဂျုံအင်နဲ့ဘယ်လိုပတ်သတ်တာလဲ"
ကောင်းကင်မှ ကျဆင်းလာသည့် မိုးပေါက်လေးတွေနဲ့အတူ ဆယ်ဟွန်းမျက်ရည်တွေလဲ စီးကျလာခဲ့သည်။
" ငါတို့တွဲနေကျတာ"
ကြိုတင်ခန့်မှန်းထားသည့်အဖြေဆိုပေမဲ့ ရင်ဘတ်တစ်ခုလုံး စုတ်ပြတ်သတ်နေအောင် နာကျင်လိုက်ရတာ…။
"အဲ့ဒါဆို ကျတော်ကကော ဘာလဲ ကျတော်က ဂျုံအင့်အတွက်ဘာလဲလို့"
ဝမ်းနည်းမှုနဲ့ဒေါသဖြစ်မှုတို့ စုပေါင်းသွားသည့်အခါ ဆယ်ဟွန်း မျက်စိရှေ့က ဂျုံအင့်ကို အော်လိုက်မိသည်။
"ဒီတိုင်းပဲ မင်းကငါ့အတွက် ဒီတိုင်းသက်သက်ပဲ "
"အဲ့ဒါဆို ဘာလို့ ကျတော့်ကိုတွဲခဲ့တာလဲ ဟမ်
ကျတော်နဲ့တွဲပြီးမှ ဒီကောင်မလေးကိုတွဲချင်လာတာဆိုလဲ ကျတော့်ကိုပြောလိုက်ရောပေါ့ ကျတော်က ဂျုံအင့်ကို မလွှတ်ပေးမဲ့သူမျိုးလား ကျတော်က ကျတော်က"
ВЫ ЧИТАЕТЕ
My person (Completed) (z+u)
Любовные романыတခုခုကိုတွေးမိတိုင်း မင်းပြီးမှ ငါလာတဲ့ဦးစားပေးမှုတွေပါပဲ...။ sekai fanfic