Part-6
ပထမနှစ်ကုန်ခါနီး အချိန်တွေသည် ဘာလိုလိုနဲ့ကူးပြောင်းတာမြန်သည်ပဲ ဖြစ်သည်။ နောက်ဆုံးစာမေးပွဲဖြေရဖို့သိပ်မလိုတော့...။ ဆယ်ဟွန်းရဲ့
နေ့ရက်တွေက ကျောင်းနဲ့အိမ် နှစ်ခုကိုကူးသန်းရင်း ပုံမှန်အတိုင်းသာလည်ပတ်နေခဲ့သည်။ တိုးလာတာဆိုလို့ ဂျုံအင့်ကိုသွားသွား ခိုးကြည့်ရသည့် အချိန်တွေပဲဖြစ်သည်။စာမေးပွဲတွေနီးလာသဖြင့် ဆယ်ဟွန်းတို့အားလုံး စာကိုပဲ အာရုံစိုက်နေရသည်။
ဒါပေမဲ့ တစ်စုံတစ်ယောက်ကတော့မတူခဲ့......။
အတန်းထဲအားလပ်ချိန်မှာ ချန်းယောနှင့် ဆယ်ဟွန်းတို့အတူတူ စာလုပ်နေကြလေသည်။
"ဆယ်ဟွန်း"
ချန်းယော၏ ခေါ်သံကြောင့် စာတစ်ပုဒ်ကို စိတ်နဲ့ဖတ်နေရင်းမှ ချန်းယောဘက်ကို လှည့်ကြည့်လိုက်သည်။
"အင်း ယော"
"ငါမင်းကိုပြောပြစရာရှိတယ်"
" ပြောလေ"
"ဂျုံအင့်အကြောင်းပါ"
ဂျုံအင်နာမည်ကြားတာနဲ့ ဆယ်ဟွန်းရဲ့မျက်ဝန်းအိမ်တို့ လှုပ်ခတ်သွားသည်။
"ဂျုံအင် ဘာဖြစ်လို့လဲ ယော"
ချန်းယောမျက်နှာက ပြောသင့်မပြောသင့်ချင့်ချိန်နေသည့်ပုံမျိုး ဖြစ်နေပြီးမှ
"သူ အခုတလော အတန်းမှန်မှန်မတတ်ပဲ ကောင်မလေးတစ်ယောက်နဲ့ အပြင်ပဲသွားနေတာတဲ့ ကောင်မလေးကိုတော့သူတို့လဲမသိဘူးတဲ့ စာမေးပွဲတွေနီးပြီဆိုတော့ ဟျွန်းတို့ကစိတ်ပူလို့ပြောတော့လဲ ဂျုံအင်က နားမထောင်ဘူးတဲ့"
ချန်းယော ပြောပြလာတဲ့အကြောင်းအရာတွေမှာ ဆယ်ဟွန်း
သက်ပြင်းမော တစ်ခုကိုချလိုက်မိသည်။ ဒီရက်ပိုင်း စာကိုပဲအာရုံစိုက်နေတာကြောင့် ဂျုံအင့်ဆီ သူမရောက်ဖြစ်ခဲ့ ...။ ဂျုံအင်ကလဲ အရေးတယူ မခေါ်တာကြောင့် ဖြစ်သည်။ အခုကြားရပြန်သည့်သတင်းတွေကြောင့် ဂျုံအင့်အတွက် စိတ်ပူရတဲ့ စိတ်တွေက ပူလောင်နေပေမဲ့ ဘယ်လိုမှ မခံစားရသလို သူပြုံးနေခဲ့မိသည်။
![](https://img.wattpad.com/cover/358571720-288-k20731.jpg)
YOU ARE READING
My person (Completed) (z+u)
Romanceတခုခုကိုတွေးမိတိုင်း မင်းပြီးမှ ငါလာတဲ့ဦးစားပေးမှုတွေပါပဲ...။ sekai fanfic