Part-13
ဂျုံအင်နဲ့ ချစ်သူဖြစ်တာ တစ်ပါတ်တိတိပြည့်ပြီဖြစ်သည်။ဂျုံအင့်အကြောင်းတွေ သူပိုသိလာရသလို သက်ဆိုင်သူဆိုသည့်အမည်နာမ လေးက သူ့ကိုပြန်တွေးမိတိုင်း ကြည်နူးစေသည်။
ဒီအခြေအနေလေးသာ ပျောက်ကွယ်သွားရင်ဘယ်လိုလုပ်မလဲဆိုတဲ့အတွေးတွေလဲဝင်မိပြီး ပိုင်ဆိုင်နေရပြီဖြစ်သဖြင့်ဘယ်တော့မှလက်မလွှတ်ပေးချင်သော စိတ်ကူးတွေနဲ့ ဆယ်ဟွန်းတစ်ယောက် ခေါင်းရှုပ်ရပါသည်။အများကြီးချစ်ပေးရင်လဲ ဂျုံအင်စိတ်ရှုပ်ရမှာကြောက်ပြီး နည်းနည်းလေးချစ်ပေးရင်လဲ ဂျုံအင်က သူ့ကိုမချစ်ဘူးထင်သွားမှာစိုးရသည်။
"ကိုကို ဘာတွေတွေးနေတာလဲ"
သူ့ရဲ့လက်ကို လာချိတ်ကာ ပြုံးကာမေးလာသော ဂျုံအင့်ကြောင့် သူခေါင်းခါကာ ပြုံးပြလိုက်သည်။ ဒီလိုအတွေးတွေမတွေးတော့ဘူး တော်ပြီ
"ဒီဟာ ဝယ်ပြီးရင် ရပြီ ကိုကို ပျင်းနေပြီလား"
ဂျုံအင့်မေမေဆီ စားစရာသွားပို့ရန်အတွက် စင်တာမှာလိုအပ်တာလာဝယ်ကြခြင်းဖြစ်လေသည်။
"မပျင်းပါဘူး ရပါတယ် ဂျုံအင် "
"အင်း အဲ့ဒါဆို ဒီတစ်ခု ဝယ်ပြီးရင် မုန့်သွားစားရအောင်လေ"
"ဟုတ်ပါပြီဗျာ"
အလိုလိုက်ပေးချင်သည်။ဂရုစိုက်ပေးချင်သည်။ အရာအားလုံးကို အလျှော့ပေးထားတဲ့ဆယ်ဟွန်းဟာအချစ်မှာတော့ ပိုချစ်ရတဲ့သူပဲဖြစ်ချင်ပါသည်။
ဂျုံအင်ပြုံးနေတာ ပျော်နေတာပဲ မြင်ချင်တာလဲ အတ္တတစ်ခုပါပဲလား …။ နှစ်ယောက်အတူတူ ကော်ဖီဆိုင်ဆီ လျှောက်လာကြရင်း
"ဂျုံအင်"
ခေါ်သံကြောင့် လှည့်ကြည့်ဖြစ်တော့ ယူရာဆိုသော ကောင်မလေးဖြစ်သည်။
ဂျုံအင်ကလဲ ယူရာ့ကိုမြင်တာနဲ့ ယူရာ့အနားလျှောက်သွားရင်း လက်ထဲကအထုပ်တွေကိုဆွဲယူလိုက်လေသည်။
"ဘယ်လာတာလဲ ဈေးဝယ်လာတာလား အထုပ်တွေကအများကြီးပဲ အဆင်ပြေလားနိုင်ရဲ့လား"
"အွန်း ရပါတယ် ကူသယ်ပေးရင်တော့ပိုကောင်းတာပေါ့ ဟီး ဂျုံအင်ကော ဈေးဝယ်လား"
YOU ARE READING
My person (Completed) (z+u)
Romanceတခုခုကိုတွေးမိတိုင်း မင်းပြီးမှ ငါလာတဲ့ဦးစားပေးမှုတွေပါပဲ...။ sekai fanfic