Part -15 (z+u)

22 3 2
                                    

                               Part-15

ဂျုံအင် ဒီနေ့မနက် နောက်ကျမှ နိုးလာတာကြောင့်ကျောင်းသွားရန် အလျင်အမြန်ပြင်ဆင်ကာ အိမ်အောက်ထပ် ဆင်းလာသည်။ အောက်ရောက်တော့ စကားပြောသံတွေကြောင့် လှမ်းကြည့်မိတော့ သူ့အဖေနဲ့အတူ ထိုင်နေသောမိန်းကလေးတစ်ယောက်ကို တွေ့ရသည်။

"အော် ဟိုမှာ ဂျုံအင်လာပြီ သမီး"

ပါးရဲ့ ပြုံးရွှင်နေသောမျက်နှာ ကြောင့် ဂျုံအင် နားမလည်သလို ငေးကြည့်နေလိုက်သည်။ ပါးရဲ့စကားကြောင့် ထိုမိန်းကလေးက ဧည့်ခန်းတွင် ကျောပေးထိုင်နေရင်းမှ ဂျုံအင့်ဘက်လှည့်ကြည့်လာတော့ ဂျုံအင်ရင်းနှီးနေသော မျက်နှာတစ်ခုအား တွေ့ရလေသည်။

"ဆိုရာ"

ဆိုရာကသူ့ကိုပြုံးပြလာပြီးမှ နေရာမှထရင်း ဂျုံအင့်ရှိရာလျှောက်လာလေသည်။

"မှတ်မိတာပဲ ကိုကိုက ဆိုရာ့ကို"

တရင်းတနှီးဆိုလာသော စကားကြောင့်ဂျုံအင် လှိုက်လှဲစွာပြုံးပြလိုက်မိသည်။ ဒီမိန်းကလေးတောင်အရွယ်ရောက်လာပြီပဲ

"မှတ်မိတာပေါ့"

"ဆိုရာ ပြန်လာပြီ ကိုကို ဒီမှာပဲကျောင်းဆက်တတ်တော့မှာ အရင်လို ကိုကိုနဲ့ အတူ နေလို့ရပြီ "

"ဆိုရာ အပြီးပြန်လာတာလား"

"အင်းပေါ့ ကိုကိုရ ဆိုရာ ဟိုမှာ အကြာကြီး မနေနိုင်ပါဘူး ဘာလို့လဲသိလား ဆိုရာ့နားမှာကိုကိုမရှိလို့လေ"

"ဆိုရာတောင် စကားတွေတတ်လာပြီပဲ"

ချွဲသလိုဆိုလာသော စကားများကို သိပ်သဘောမကျပေမဲ့အလိုက်သင့်ပြန်ဖြေလိုက်ရသည်။ ဆိုရာက သူနဲ့အတူ ကြီးပြင်းလာသော အိမ်နီးချင်း မိန်းကလေးတစ်ယောက်မို့ပြန်တွေ့ရတာ ဝမ်းတော့သာမိပါသည်။

"ကိုကို သဘောကျအောင်လေ ဒါနဲ့ကိုကိုကျောင်းသွားဖို့လား"

" အင်း"

"ဒီနေ့မသွားပါနဲ့လားကိုကို ဆိုရာ ကိုကိုနဲ့စကားတွေအများကြီးပြောချင်တယ်"

တောင်းဆိုသလို ပြောလာသောစကားသံကြောင့်ဂျုံအင်မငြင်းနိုင်တော့ပါ …။

My person (Completed) (z+u)Where stories live. Discover now