Part-4(z+u)

27 4 2
                                    

                              part-4

ကျောင်းဆင်းချိန်……

"ဂျုံအင် ဆူယွန်းက လာမခေါ်ပါနဲ့တဲ့"

"ကျစ် "

"မင်းတို့ရန်ဖြစ်ထားပြန်ပြီလား"

ဂျုံအင္ ခေါင်းသာညိမ့်ပြလိုက်သည်။  မင်ဆော့ က ရယ်ကာ

"ပြောပါဦး ဘယ်နှစ်ယောက်မြောက်မိန်းကလေးနဲ့သဝန်တိုပြန်တာလဲ"

"အမ အာယောင်းနဲ့ကွာ ငါလဲဟုတ်မှမဟုတ်တာ မဖြေရှင်းချင်တော့ဘူး"

ဆူယွန်းနဲ့ဂျုံအင် တွဲခဲ့သည့် သုံးလအတွင်းမှာ ဆူယွန်း သူ့ကိုသဝန်တိုသည့်အကြိမ်အရေအတွက်က တွဲသည့်ရက်ထက်ပင် ပို များမည်ထင်ပါသည်။ အကြောင်းရှိလို့သဝန်တိုတာမျိုးကို သူ နားလည်ပေးနိုင်သော်လည်း
အကြောင်းမရှိပဲ သဝန်တိုတာမျိုးကိုတော့ သူလက်ခံမပေးနိုင်ပေ။

အခုလဲ သူ့ကို သူတို့မေဂျာစီနီယာအမ အာယောင်းနှင့်စွပ်စွဲသည်မို့ သူပြန်မဖြေရှင်းချင်တော့ပါ ။ သူ့ဟာသူ ကောက်နေပြီး စိတ်ဆိုးပြေလျှင်လာခေါ်လိမ့်မည်…။သူ စိတ်ရှုပ်စွာနှင့် ပြန်ရန်ပြင်လိုက်သည်။

"ငါသွားတော့မယ် မင်ဆော့မင်းတို့ကော မပြန်ဘူးလား

"ဟျွန်းတို့နဲ့ဘောလုံးကန်မလို့ပြန်နှင့်လေ"

"အဲ့ဒါဆို ငါသွားနှင့်ပြီ "

"အေးအေး နောက်နေ့မှတွေ့မယ်"

ဂျုံအင် မေဂျာ ခန်းတွေဘက်မှ ဖြတ်လျှောက်ရင်း ကျောင်းဂိတ်နား ရောက်လာတော့ လက်တစ်ဖက်က ဘာဘယ်တီးဘူးကိုင်ကာ တစ်ဖက်က စာအုပ်ကိုအသဲအသန်ဖတ်နေသော ဆယ်ဟွန်းကို တွေ့ရလေသည်။

ဆယ်ဟွန်းက စာကိုအဲ့လောက် ကြိုးစားတာလား…။ ဂျုံအင် ရုတ်တရက်ရယ်ချင်သွားပြီး ဆယ်ဟွန်းကို လှမ်းခေါ်လိုက်လေသည်။

"ဆယ်ဟွန်း"

သူ့ခေါ်သံကြောင့် ခေါင်းကိုစောင်းကာ သူ့ဘက်လှည့်ကြည့်လာသော ဆယ်ဟွန်း

သူအနားကပ်သွားလိုက်တော့ ဆယ်ဟွန်းကစာအုပ်ကိုပတ်ကာ သူ့ကို ပြုံးပြလာသည်။ ဆယ်ဟွန်းအပြုံးမှာ သူမဖေ်ာပြတတ်သည့်
အေးချမ်းခြင်းတစ်ခုရှိလေသည်။ဆယ်ဟွန်းအပြုံးကိုမြင်လိုက်တိုင်း စမ်းရေတစ်ခု စီးဆင်းသွားသလိုခံစားရလေသည်။

My person (Completed) (z+u)Where stories live. Discover now