Part-8ဆယ်ဟွန်း နာရီကိုကြည့်လိုက် အခန်းတံခါးကိုကြည့်လိုက်နဲ့ ဗျာများနေရ ရင်း အတွေးတခုက လက်ခနဲ ပေါ်လာသည်။ ခြံတံခါးကျော်တတ်ကာ သွားရင်အဆင်ပြေမည်ပဲ
ပေါ်လာသည့်အတွေးအတိုင်း အိမ်အပေါ်ထပ်ကနေ ခြေသံလုံလုံနှင့်အောက်ထပ်ကိုဆင်းကာ အိမ်ရဲ့တံခါးကိုဖြည်းဖြည်းဖွင့်လိုက်ကာဆယ်ဟွန်း အပြင်ဘက်ကိုထွက်လိုက်ကာ ပြန်စိထားလိုက်သည်။
ခြံတခါးနားရောက်တော့ ခြံစည်းရိုးတံခါးကနေ တွယ်တတ်ကာ ခြံအပြင်ဘက်ကို ခုန်ချလိုက်သည်။
"အင့်"
ခြံစည်းရိုး သံနဲ့ညိသွားသည်မို့ဆယ်ဟွန်းလက်နည်းနည်း နာသွားရသည်။ ဆယ်ဟွန်းအရပ်ကမြင့်ပေမဲ့ မားက ခြံစည်းရိုး ကိုမြင့်မြင့်လုပ်ကာ သံတိုင်တွေထည့်ထားတာမို့ ညိသွားရခြင်းဖြစ်သည်။ ဒါပေမဲ့အခုချိန်မှာလက်နာတာကိုဂရုမစိုက်နိုင်ပါ ဂျုံအင်ရှိရာဆီသွားရမည်
လမ်းမ ပေါ်ကိုတော့ရောက်လာပြီ ။ အခုဂျုံအင့်ကို ရှာရမည်။
ဆယ်ဟွန်းတို့လမ်းက ဘယ်ဘက်ဆို ကားလမ်းမရှိကာ ညာဘက်မှာတော့ မီးရထားစီးသည့်နေရာတွေရှိသည်ဆိုတော့ ဆယ်ဟွန်းကားလမ်းမဘက်ကိုပဲသွားဖို့ စဉ်းစားလိုက်သည်။
လမ်းမ တစ်လျှောက် လျှောက်နေရင်း ဂျုံအင်သူ့ဆီဘာလို့လာလဲဆိုတဲ့အကြောင်းကိုတွေးမိတော့ ရင်တွေခုန်ချင်လာသည်။ ဂျုံအင့်ရဲ့စိတ်ကို သူတကယ်ကို မခန့်မှန်းနိုင်တော့တာဖြစ်သည်။
"ဆယ်ဟွန်း"
အတွေးတွေနဲ့ငိုင်ကာ လျှောက်လာမိရင်း ဂျုံအင့်ရဲ့ခေါ်သံကြားမှ လှမ်းကြည့်မိတော့ ဂျုံအင်က သူ့ကိုရယ်ပြလာသည်။ထို့နောက် ဆယ်ဟွန်းရပ်နေမိတဲ့အထိ ဖြည်းဖြည်းချင်း လျှောက်လာသည်။ဂျုံအင်မူးနေတာထင်တယ် ဂျုံအင်ကသူ့ကိုစိတ်လိုလက်ရ တခါမှ မရယ်ပြဖူးဘူးလေ
"ဂျုံအင် အိမ်မပြန်ဘူးလား အိမ်ပြန်ရအောင်လေ"
"ဟင့်အင်း အိမ်မပြန်ချင်ဘူး ဆယ်ဟွန်း ငါ"
![](https://img.wattpad.com/cover/358571720-288-k20731.jpg)
YOU ARE READING
My person (Completed) (z+u)
Romanceတခုခုကိုတွေးမိတိုင်း မင်းပြီးမှ ငါလာတဲ့ဦးစားပေးမှုတွေပါပဲ...။ sekai fanfic