Part-12 (z+u)

29 3 0
                                    

Part-12

နေ့ရက်တွေကို မြန်မြန်ကုန်ချင်မိတာ ဂျုံအင့်ကြောင့်
စနေနေ့ကို မြန်မြန်ရောက်ချင်မိတာ ဂျုံအင့်ကြောင့်
ရင်တွေခုန်နေပြီး အိပ်မရတာ ဂျုံအင့်ကြောင့်
ဒီရက်ပိုင်း ဆယ်ဟွန်း အလွဲလွဲအချော်ချော်ဖြစ်နေသမျှအားလုံးက ဂျုံအင့်ကြောင့်ပါပဲ

ဂျုံအင့်ဆီက ရမည့်အဖြေလေးကိုလဲကြိုတင် စိတ်ကူးကာ ရင်ခုန်ရသည်။  ချစ်သူဖြစ်ရင်ဆိုတဲ့စိတ်ကူးတွေက ဆယ်ဟွန်းကမ္ဘာမှာ အပြည့်…။

"ကြည့်မရတော့ဘူးကွာ"

အခန်းထဲဝင်လာပြီး ကုတင်ပေါ်ထိုင်ကာ ပြောလိုက်သည့်ချန်းယောကြောင့် ဆယ်ဟွန်း ရှုတည်တည်ပြန်ကြည့်ပေးလိုက်သည်။

"အမယ်အမယ် ရည်းစားရတော့မယ်ဆိုတော့ သူငယ်ချင်းကိုအဲ့လိုကြည့်ပြီပေါ့ အေးပါကွာ"

နှုတ်ခမ်းကြီးဆူလာကာ သူ့ကိုပြန်ကြည့်နေသောချန်းယောကြောင့်ဆယ်ဟွန်း မရယ်ပဲမနေနိုင်တော့

"ငါ အခုဘယ်လောက်ပျော်နေလဲ မင်းမသိပါဘူး ချန်းယောရာ "

" အဖြေက မရသေးဘူးနော် တော်ကြာအငြင်းခံ ရ ဘယ်လိုလုပ်မလဲ"

အရမ်းတွေဖြစ်နေသော သူငယ်ချင်းဖြစ်သူကို နည်းနည်းတော့ကလိဦးမှ

ချန်းယောရဲ့စကားက ထိရောက်သည်ထင်သည်။ ဆယ်ဟွန်းမျက်နှာ ချက်ချင်း ငယ်သွားသည်။ ချန်းယော စိတ်ထဲကကြိတ်ရယ်လိုက်သည်။

" စတာပါမင်းကလဲ ဂျုံအင်က မင်းကို ပြန်လက်ခံမှာပါ"

" အဲ့လိုဖြစ်ရင်ကောင်းမှာပါပဲ ဒါပေမဲ့အခြားအဖြေတစ်ခုလဲဖြစ်နိုင်တာပဲ "

"မဖြစ်နိုင်တာ ဂျုံအင်ကမင်းကိုသဘောကျနေတာကြီး"

" ဂျုံအင့်ပုံစံက အဲ့လိုမျိုးပဲချန်းယော သူခင်တဲ့လူတိုင်းကိုအဲ့လိုမျိုးပဲဆက်ဆံတာ ငါအများကြီးမမျှော်လင့်ထားတာကောင်းမယ်ထင်တယ်"

သူသွင်းပေးလိုက်သည့် ဆိုက်ကိုကို ဆယ်ဟွန်း က သေချာခံစားနေတော့လည်း ချန်းယော သနားသွားမိသည်။

"မင်းကလျှောက်တွေးနေတာပါ ဆယ်ဟွန်းရာ မင်းအတွက်ကောင်းတဲ့အဖြေဖြစ်မှာပါ ဟုတ်ပြီလား ငါ့ကိုယုံလိုက်"

My person (Completed) (z+u)Où les histoires vivent. Découvrez maintenant