🌿_ 1

2.6K 142 1
                                    


ကြယ်တွေစုံနေတဲ့ ညအမှောင်ဟာ လမင်းရဲ့အလင်းသဲ့သဲ့လည်းရှိနေခဲ့သည်
လက်ထဲက ကိုင်ထားတဲ့ ဝိုင်ခွက်ကို သူအကြောင်းမဲ့ လှုပ်ကြည့်ကာ သက်ပြင်းတွေချနေမိသည်။
အင်းလေ အချိန်တန်ပြီထင်ပါရဲ့

"ကိုကြီး"

သူခေါ်သံကြားတော့ လှည့်ကြည့်လိုက်သည်။သူ့ဆီကိုပြုံးပြီးလာနေတဲ့ သူ့ရဲ့တစ်ဦးတည်းသော ချစ်ရတဲ့ညီမလေး မကြာခင်မှာတပါးသူလက်ထဲကို ထည့်ပေးလိုက်ရတော့မယ့် သူ့ညီမငယ်လေး အင်း....အရွယ်ရောက်လာပါပေါ့လား။

"မအိပ်သေးဘူးလား မီမီ"

"ဟင့်အင်း ကိုကြီးနဲ့စကားပြောချင်လို့"

"ဘာပြောမို့လဲ မီမီ"

သူမေးလိုက်တော့ မီမီက ပြောဖို့ရခက်နေသည်ထင်။သူသိသွားပြီး ခေါင်းပေါ်ကဆံပင်လေးတွေကို ဖွလိုက်ပြီး။

"မနက်ဖြန်အတွက် စိတ်လှုပ်ရှားနေတာလား စိတ်မပူပါနဲ့ အရင်ဆုံးရင်းနီးပြီးမှ စေ့စပ်ပွဲလုပ်ကြရမှာလေ အဲ့ဒါကြောင့်လည်း
တစ်ယောက်နဲ့တစ်ယောက် အနီးကပ်လေ့လာလို့ရအောင် ဒီအိမ်မှာပဲ တည်းဖို့ခွင့်ပြုလိုက်တာ"

"ဟုတ် "

"သွားအိပ်တော့လေ သွား.."

" ဟုတ် ကိုကြီးလည်း အိပ်တော့လေ"

သူပြုံးပြီးခေါင်းညိမ့်ပြလိုက်သည်။
~~~~~~~~~~~~~~~~~~~~
အိမ်ရှေ့သို့ရပ်လာသော ကားပေါ်မှဆင်းလာတဲ့ လူ... ခပ်မော်မော်ခပ်ကြွားကြွားပုံရုပ်ကလည်းမထီသလိုနဲ့... မြင်မြင်ချင်း ရေစက်မပါလိုက်ပုံများ ~~~

BUNCH {စည်း}Complete ✔️Where stories live. Discover now