ဆော့ဂျင်ကုမ္ပဏီကနေပြန်လာပြီး အပေါ်သို့တန်းတက်သွားလိုက်သည်။
ဒီနေ့နဲ့ဆိုသုံးရက်မြောက်ရှိပြီ သူအဲ့နေ့ပြီးကတည်းက မီမီနဲ့ကို စကားမပြောဖြစ်ကျန်တဲ့ဘယ်သူနဲ့မှလည်း စကားမပြောဖြစ်ဘူး။မနက်စာမစားဘဲ ကုမ္ပဏီသွားတယ်ကုမ္ပဏီကအပြန်အပြင်မှာတခါတည်း ညစာစားခဲ့ပြီး အိမ်ပြန်ရောက်ရင်သူ့အခန်းထဲသာတန်းသွားလိုက်သည်။ သူအဲဒီ့နေ့နောက်ပိုင်း ဂျွန်ဂျောင်ကုကို အိမ်မှာမတွေ့ရတော့ပေ ဘယ်ချိန်ထွက်သွားလဲဆိုတာ သူမသိ စိတ်လည်းမဝင်ပါ ပတ်သတ်စရာအကြောင်းလည်းမရှိတော့။
ဒေါက်.ဒေါက်....
"ကိုကြီး.....ဆမ်မီ"ပါ...
ခဏလောက်ဝင်လာခဲ့လို့ရလားဟင်"သူရေချိုးပြီး အဝတ်အစားလဲကာ ရုံးကစာရင်းတွေပြန်စစ်ဖို့ အလုပ်သူ့အခန်းတခါးကိုခေါက်သံကြားလိုက်ရပြီး တစ်ဆက်ထဲ မီမီဆီက ဝင်ခွင့်တောင်းသံကြားလိုက်ရသည်။
သူအခန်းအရှေ့သွားလိုက်ကာ တခါးဖွင့်ပေးလိုက်သည်....
မီမီက လက်ထဲကကိုင်လာတဲ့ေကာ်ဖီခွက်ကို သူ့အလုပ်စားပွဲပေါ်ချလိုက်ပြီးဘေးမှာလွတ်နေတဲ့ ထိုင်ခုံမှာ ဝင်ထိုင်သည်။~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"ကိုကြီး... "ဆမ်မီ" စကားနည်းနည်းလောက်ပြောချင်လို့ပြောလို့ရလားဟင်စာရင်းတွေလုပ်နေတာလား"
"ပြောလေ "မီမီ"ဘာပြောမလို့လဲ"
"ဟို....အကိုဂျောင်ကု အကြောင်းပါ....."
သူစာရင်းလုပ်နေရင်းကနေ မျက်လုံးတစ်ချက်လှန်ကြည့်လိုက်ပြီး စာရင်းတွေပြန်စစ်နေလိုက်သည်။ မီမီက ဂျွန်ဂျောင်ကုအကြောင်းဆိုတော့ သူနည်းနည်းတော့ အနေခက်သွားပေမယ့်ဘာမှမဖြစ်သလို "မီမီ"ပြောလာမယ့်စကားကိုသာ အသံတိတ်နားထောင်နေလိုက်သည်။
"အဲ့နေ့က ကိုကြီးဒေါသထွက်ပြီးဝင်လာတော့ ဘာအကြောင်းမှန်းမသိပေမယ့်အကိုဂျောင်ကုနဲ့ စကားများတော့မှာဆိုပြီး မဖြစ်သင့်တာမဖြစ်အောင်"မီမီ"အပေါ်တက်လာလိုက်တာပါ.."
YOU ARE READING
BUNCH {စည်း}Complete ✔️
Fanfiction"ခင်ဗျားတစ်ယောက်တည်း တစ်ဖက်သတ်ကြီးခြားထားတဲ့စည်းကို ကျုပ်ကဂရုစိုက်မယ် ထင်လို့လား" JEON JUNG KOOK💜 "အဓိပ္ပါယ်မရှိတာတွေလုပ်ဖို့ ငါကခွင့်ပြုမယ် ထင်နေလို့လား" KIM SEOK JIN 🩷