🌿_5

1K 115 8
                                    

ဧည့်ခန်းထဲတွင် ထိုင်ကာ ရယ်​ရယ်​မော​မော စကား​ပြော​နေကြ​သောလူနှစ်​ယောက်​ကိုကြည့်​ပြီး "​ဂျောင်​ကု"​ရှေ့​လျှောက်​လိုက်​နောက်​လျှောက်​လိုက်​ရေ​သောက်​လိုက်​နဲ့အလုပ်​များ​နေရသည်​။

အနားသွားထိုင်​လုိ့ကလည်းမရနဲ့​သူအ​တော်​ဗျာများ​နေသည်​။"ကင်​ဆော့ဂျင်​"နဲ့ စကား​ထိုင်​ပြော​နေတဲ့အမျိုးသမီးက ဘယ်​သူလဲ ဆိုတာ သူသိချင်​နေမိသည်​။

ကြည့်​ရတာ​တော့​အ​တော်​လေးရင်းနီးတဲ့ပုံ​ပေါ်ကြသည်​သူဒီ​ရောက်​ကတည်းက တစ်​ခါမှ​တောင်​မမြင်​ဖူးတဲ့ အပြုံး​တွေ​ပေါ​ပေါသီသီနဲ့​ရှေ့မှာထိုင်​နေတဲ့လူသားကိုမြင်​နေရသည်​။

💙💙💙💙💙💙

"နင်​လာမယ်​သာ ကြို​ပြောရင်​ငါလာကြိုမှာ​ပေါ့ "ဆူချယ်​"..ရာ..."

"​တော်​ပါ​"​ဆော့"ရယ်​အချိန်​ပြည့်​အလုပ်​များ​နေတဲ့လူကများ ငါ​ဖုန်းဆက်​ရင်​တောင်​မကိုင်​ဖြစ်​တာကခပ်​များများ ကိုင်​ပြန်​တော့လည်း ဘယ်​တုန်းက ငါးမိနစ်​ပြည့်​အောင်​တောင်​ပြောဖူးလို့လဲ"

"ဟား ဟား.....နင်​ကလည်းဟာ ဒါ​တော့ ငါတို့အသက်​တွေမငယ်​တော့ဘူး​လေ အလုပ်​ကိုကြိုးစားအားထုတ်​ရမယ့်​အရွယ်​တွေ​လေ"

"နင်​က သူများနဲ့ကို မတူတာပါ​နော်​လွန်​ကိုလွန်​လွန်းတယ်​"

"အင်းပါ ဆရာမကြီး"ဆူချယ်​"ရယ်​နင်​လည်း​လေ ဆရာမဖြစ်​သွားပြီး ဘူဆန်​ရောက်​သွားမှ စကား​တွေ တအားများလာတာပဲ ဆရာမကြီးလည်း အရမ်းလုပ်​လာတယ်​တွေ့သမျှ သူတပည့်​များထင်​နေလားမသိဘူး ကြည့်​ရတာ​တော့ အပျိုကြီးဖြစ်​သွားလို့ထင်​တယ်​"

"​ဆော့...နင်​နော်​..."

"ဟား..ဟား..ဟားး"

💙💙💙💙💙💙💙💙

​ဂျောင်​ကု​ရှေ့ကနှစ်​ယောက်​ကိုကြည့်ပြီးမြ​င်​ပြင်းကပ်​လာသည်​။ တစ်​အိမ်​လုံးသူတို့နှစ်​ယောက်​ထဲ ရှိတယ်​ထင်​နေလားမသိဘူး ဆက်​ပြီးကြည့်​မ​နေနိုင်​တော့လို့ အိမ်​ရှေ့ထွက်​လာခဲ့လိုက်​သည်​။

ထိုအခါမှ " ကင်​ဆော့ဂျင်​"နဲ့ထိုင်​နေတဲ့ အမျိုးသမီးက သူ့ကိုသတိထားမိပြီး " ကင်​ဆော့ဂျင်​"ကို​မေး​နေသံကြား​ပေမယ့်​သူမသိချင်​ယောင်​ဆောင်​ပြီး ခြံထဲဆင်းလာလိုက်​တော့သည်​။
"ကင်​ဆော့ဂျင်​"ပြန်​ဖြေမယ့်​အ​ဖြေကိုလည်း သူနားမ​ထောင်​ချင်​ပါ။

💙💙💙💙💙💙💙💙

"​ဆော့...သူကဘယ်​သူလဲ..."

"မီမီနဲ့ လက်​ထပ်​ပေးဖို့ လူကြီး​တွေသ​ဘောတူခဲ့ကြတဲ့သူလေ တစ်​ယောက်​ကိုတစ်​ယောက်​လေ့လာလို့ရ​အောင်​ဒီကိုလွှတ်​လိုက်​တာ"

"​အော်​"

​ဂျောင်​ကုခြံထဲဆင်းလာပြီးမကြာ ကားတစ်​စီးခြံထဲသို့ဝင်​လာသည်​။

"ဆမ်​မီ"ပြန်​လာတာပဲ"

ထိုအခါမှ သူအားတက်​သွားပြီး ဟုတ်​သား ဆမ်​မီ့ကို​မေးရမည်​။ သူကား​ပေါ်က ဆင်းလာတဲ့ "ဆမ်​မီ"အနားကိုသွားလိုက်​တော့ "ဆမ်​မီ"က သူ့ကို​ကြောင်​ပြီးကြည့်​နေသည်​။

"ဆမ်​မီ" အထဲမှာ ဧည့်​သည်​ရောက်​နေတယ်​"

"ဧည့်​သည်​"

"အင်း "​ဆမ်​မီ"အကိုရဲ့ဧည့်​သည်​ဆရာမဆိုလားပဲ ဘူဆန်​ကဆိုလား ကိုယ်​ကြားလိုက်​တာပဲ"

"​အော်​...မမ"လီဆူချယ်​"ထင်​တယ်"

"ဟုတ်​တယ်​..ဟုတ်​လောက်​တယ်​"
"သူကဘယ်​သူလဲ "ဆမ်​မီ"အကိုနဲ့က ဘယ်​လိုပတ်​သတ်​တာလဲ...?"

သူသိချင်ဇောလောစွာမေးလိုက်သည်.. ။

"သူငယ်​ချင်းပါ .....ကိုကြီးနဲ့ငယ်​ငယ်​လေးကတည်းက အရမ်းခင်​ကြတဲ့ သူငယ်​ချင်း​တွေ​လေ "ဆမ်​မီ"မ​မွေးခင်​ကတည်းကဆိုပါ​တော့.....
တစ်​ယောက်​နဲ့တစ်​ယောက်​လည်း အရမ်းသံ​ယောဇဉ်​ရှိကြတယ်​လေ မမ"ဆူချယ်​"က ကိုကြီးရဲ့တစ်​ဦးတည်း​သော မိန်းက​လေးသူငယ်​ချင်း​ပေါ့"

သူမေးပြီးသွားမှ"ဆမ်​မီ"ပြန်​ဖြေလာတဲ့စကား​တွေကြားပြီး သူရင်​တောင်​ပူသွားရသည်​ငယ်​ငယ်​ကတည်းကခင်လာတာ​တဲ့လား တစ်​ယောက်​ကိုတစ်​ယောက်​သံ​ယောဇဉ်​အရမ်းရှိကြတာဆိုပဲ....ပြီးတော့ အဲ့တစ်ယောက်ကိုလည်း "ကင်ဆော့ဂျင်"
ကအပျိုကြီးဆိုပြီး စ နေသေးသည်။

သူ"ဆမ်​မီ"ကိုကြည့်​လိုက်​တော့"ဆမ်​မီ"က ကား​ပေါ်ကဆင်းလာတုန်းကနဲ့မတူ မျက်​နှာမ​ကောင်းသလိုဖြစ်​နေသည်​။သူ​မေးတာကိုလည်း ခပ်​တွေ​တွေ​လေးပြန်​ဖြေခဲ့ကာ အထဲကိုဝင်​သွား​လေသည်​။

ဘာလို့ပါလိမ့်​သူ့အကိုအ​ကြောင်းကို စပ်​စုတာမကြိုက်​လို့များလား။အခုမှသူစဉ်းစားမိတယ်​မောင်​နှမနှစ်​ယောက်​က ရုပ်​ချင်းမဆင်​ဘူးဘဲ တစ်​ယောက်​ကအ​ဖေတူပြီး တစ်​ယောက်​ကအ​မေတူတာထင်​ပါရဲ့.....။
ဘယ်​သူနဲ့ပဲ တူတူပါ "ကင်​ဆော့ဂျင်​"က​တော့ ပို​ချောတယ်​😊

BUNCH {စည်း}Complete ✔️Where stories live. Discover now