🌿_4

1.1K 119 7
                                    

ဆော့ဂျင် ဂျောင်ကုကို သိပ်ပြီးသဘောမတွေ့ပေမယ့် ဘာမှတော့မပြောလိုပေ။
မီမီကသာ ဒီလက်ထပ်ပွဲကိုမငြင်းလိုလျှင် သူလည်းလက်ခံပေးရမှာမဟုတ်လား။ဂျွန်ဂျောင်ကုရဲ့ အဖိုးက ကတိကဝတ်တွေနဲ့ကမ်းလှမ်းလာတဲ့အပြင် ကလေးတွေအချင်းချင်းသဘောကျမှသာလို့ပြောလာခဲ့သည်။
တကယ်ဆို သူက မီမီရဲ့အုပ်ထိန်းသူဖြစ်တယ်ဆိုပေမယ့် အရာရာတိုင်းတော့ မလွမ်းမိုးမချုပ်ချယ်ချင်ပါ။ သူသာ ဂျွန်ဂျောင်ကုကို သဘောမကျဘူးဆို မီမီကလည်း ဂျွန်ဂျောင်ကုကို လက်ထပ်မည်မဟုတ်ဘူးဆိုတာ သူအတတ်ပြောနိုင်သည်။
ဘာလို့လဲဆို သူ့ညီမလေးက သိပ်ကိုလိမ္မာရေးကြားရှိသလို သူ့ကိုလည်း ချစ်ကြောက်ရိုသေသည်လေ။
~~~~~~~~~~~~~~~~~~~~~~~~~~

ဂျောင်ကုသူဒီအိမ်ကိုရောက်နေတာ တစ်ပတ်လောက်တော့ရှိပြီ ဆမ်မီနဲ့တော့ မိတ်ဆွေသဘောမျိုးခင်ခင်မင်မင်ရှိပေမယ့် ရင်းနီးချင်တဲ့လူနဲ့ကတော့ တစ်နေ့တစ်နေ့ စကားကိုဆယ်ခွန်းတောင်ပြည့်အောင် မပြောဖြစ်ချေ။
ဒါတောင်သူ့ဘက်က အကြောင်းမရှိအကြောင်းရှာ စကားစစပြောနေလို့သာ....
သူ့မှာတော့ သူမဟုတ်သလိုမျိုး ဒီလူချမှတ်ထားတဲ့စည်းကမ်းတွေ လိုက်နာလိုက်ရ မနက်အစောထရ မျက်နှာရိပ်မျက်နှာကဲကြည့်ရနဲ့ သူကသာငြိုငြင်မှာစိုး၍ တစ်ယောက်တည်းပျာယာခတ်နေတာ ထိုလူကတော့ ခပ်တည်တည်ခပ်တင်းတင်းပါပဲ။

"အဟမ်း"

ခြေချိတ်ပြီးထိုင်ကာ စာဖတ်နေတဲ့ လူရဲ့အနားကိုသွားကာ ချောင်းတစ်ချက်ဟန့်လိုက်တော့ သူ့ကိုလှည့်တောင်ကြည့်မလာတဲ့ ထိုလူသား။ မာနတွေထိလိုက်တာ😐
သူလည်းခွင့်တောင်းမနေတော့ဘဲ ရှေ့တည့်တည့်မှာ ဝင်ထိုင်လိုက်တော့ သူ့ကိုမျက်လုံးလှန်ကြည့်လာသည်။(အလုပ်ဖြစ်သားပဲ) သူလည်းခပ်တည်တည်ပြန်စိုက်ကြည့်လိုက်တော့...

"ပြောစရာရှိလို့လား"

"အမှတ် ဘယ်လောက်ရပြီလဲ သိချင်လို့"

"ဘာအမှတ်လဲ"

"စည်းကမ်းတွေ အကုန်လိုက်နာတယ်လေ~~ တကယ်ဆို
ကျွန်တော့်ပုံစံက အဲ့လိုလူစားမျိုးမဟုတ်ဘူး
ပြီးတော့.........မျက်နှာလေးလည်း တစိမ့်စိမ့်~~ အဲလေ မျက်နှာရိပ်မျက်နှာကဲလည်း ကြည့်ပြီးနေပါတယ်လို့"

"ဆိုတော့...မင်းပြောချင်တာက ငါ့ညီမနဲ့သဘောတူပေးဖို့ မင်းကြိုးစားထားတဲ့အမှတ် ဘယ်လောက်ရပြီလဲ သိချင်တာဆိုပါတော့~~~
မင်းက ငါ့ဆီမှာ အလုပ်လာလျှောက်တာလည်းမဟုတ်သလို စာမေးပွဲ လာဖြေနေတာလည်း မဟုတ်ဘူး"
"အဲ့တော့ ငါ့ဘက်ကပေးစရာအမှတ်မရှိဘူး "

"ပြီးတော့..... မင်းအမှတ်လာတောင်းတဲ့လူမှားနေတယ်"

"မမှားပါဘူး ကျွန်တော် လိုချင်တာ ခင်ဗျားဆီကပဲကို"

"ဘာရယ်"

ဆော့ဂျင်နားမလည်စွာ မျက်​မှောင်​ကြုတ်​ကြည့်​လိုက်​တော့ သူ့ကို စိုက်​ကြည့်​နေတဲ့ ဂျွန်​ဂျောင်​ကုရဲ့မျက်​လုံး​တွေနဲ့ အကြည့်​ချင်းစုံမိသွားသည်​။​ဆော့ဂျင်​ပြန်လည်​စိုက်​ကြည့်​လိုက်​ပြီး။

"ငါက ငါ့ညီမအ​ပေါ်မှာ ချုပ်​ကိုင်​တယ်​လို့ မင်းမြင်​ပြီး မင်းနဲ့ငါ့ညီမကို သ​ဘောမတူမှာ စိုးရိမ်​နေတာမလား အကိုတစ်ေ​ယာက်​ရဲ့အတ္တက​တော့ ကိုယ့်​ညီမကို​လူ​စိတ်​ရှိတဲ့လူ​ကောင်းလက်​ထဲပဲ ထည့်​ပေးချင်​ကြတာချည်းပဲ"

"ဒါ​ပေမယ့်​ဒီကိစ္စမှာ မီမီ့ဆုံးဖြတ်​ချက်သာလျင်​အဓိကမလုိ့ ငါဝင်​ပြီး ဖိအား​ပေးမှာကို မင်းစိတ်​ပူစရာမလိုဘူး......ပြီး​တော့ မင်းကိုအမှတ်​ထိုင်​ပေးရ​လောက်​အောင်​အားမ​နေဘူး ပုံမှန်​တိုင်း ဆက်​ဆံ"

​ပြောချင်​ရာ​တွေ​ပြောပြီး ထထွက်​သွားတဲ့​ဆော့ဂျင်​ကို​ဂျောင်​ဂုပါးစပ်​အ​ဟောင်းသားနဲ့သာ ထိုင်​ကြည့်​နေလိုက်​တော့သည်​။

"အဖိုး​ပြော​တော့ အဖက်​ဖက်​ကပြည့်​စုံပြီး အရမ်းတော်တာတဲ့ သူညံ့တဲ့နေရာလည်း ရှိသေးသားပဲ လူကဲခက်တော်လိုက်ပုံများ......."

BUNCH {စည်း}Complete ✔️Where stories live. Discover now