🌿_21

1.2K 114 7
                                    

ဂျောင်ကု ဒီနေ့လစာထုတ်တဲ့ရက်မို့ အိမ်အစောပြန်ခဲ့လိုက်သည် ပြီးရင် "ဂျင်"နဲ့အတူ လျှောက်လည်မယ် "ဂျင်"လိုချင်တာတွေ ဝယ်ပေးမယ် စားချင်တာတွေ ဝယ်ကျွေးမယ် ။ အခုသူထုတ်လာတဲ့ လစာက အရင်သူတစ်ရက်ဖြုန်းတဲ့ငွေတောင်မရှိပေမယ့် သူ့ကိုယ့်ပိုင်လုပ်အားခနဲ့ ရလာတဲ့ငွေနဲ့ "ဂျင့်"ကို ဖြည့်စည်းပေးမှာမလို့ သူပျော်ပါသည်။နောက်နောင်လည်း "ဂျင့်"ကို ပြည့်စုံအောင်ထားနိုင်ဖို့ သူဒီထက်မကပိုကြိုးစားသွားမည်။

"ဂျင်..အသည်းလေး..အချစ်လေးရေ မောင်ပြန်လာပြီ ...."

"မောင် ဒီနေ့လစာထုတ်လာတယ် အပြင်သွားကြရအောင်...."

"အချစ်လေးရေလို့....."

"ပြန်လာပြီပေါ့...."

"ကြွခဲ့ပါဦး "ဂျွန်ဂျောင်ကု".~စာရင်းလေးဘာလေးရှင်းရအောင်လို့....."

"ကြွလာပါပြီခင်ဗျာ...ဘာစာရင်းရှင်းမလို့လဲ အချစ်ရဲ့..."

"ဟင် ..ဥက္ကဌကြီးဂျွန် ဘယ်လိုဖြစ်ပြီး ဒီရောက်နေတာလဲ?....."

"ဟိတ်ကောင် ဘာကို ဥက္ကဌကြီးဂျွန်လဲ ကိုယ့်အဖိုးကိုများ ဒီကောင်တော့....."

"ဂျွန်ဂျောင်ကု...အရင်ဆုံးငါနဲ့စာရင်းရှင်းပါဦး"

"ဘာ ဘာဖြစ်လို့လဲ အချစ်ရဲ့ ဘာကိုစာရင်းရှင်းမှာလဲဟင်...."

ဂျောင်ကု တတွေးတွေမြိုချနေရသည် "ဂျင်"ကမျက်နှာလေး အတည်တင်းနေသည် အဖိုးကလည်း ဒီရောက်နေတယ်ဆိုတော့ ဘာတွေဖြစ်နေကြတာလဲ "ဂျင်"ကသူ့ကို ဘာစာရင်းရှင်းမှာလည်း သူမတွေးတတ်တော့ဘူး "ဂျင်"ဘာကို စိတ်ဆိုးနေတာပါလိမ့် အဖိုးကြောင့်လား အဖိုးမဟုတ်တာတစ်ခုခုပြောလိုက်တာများလား......။

ဝင်လာကတည်းက မိုးမမြင်လေမမြင်နဲ့ နားယားစရာကောင်းအောင် သည်းနေတဲ့ မြေးဖြစ်သူကိုကြည့်ပြီး နှာခေါင်းရှုံ့လိုက်သည် အဖိုးဖြစ်တဲ့သူကို မြင်တာတောင် ဝမ်းသာအားရမကြိုဆိုဘဲ ခေါ်ပုံကိုက ဥက္ကဌကြီးဂျွန်တဲ့ "ဆော့ဂျင်"မလုပ်ခင် သူအရင်လုပ်လိုက်ချင်သည်။အခုလည်း ကြည့်ပါဦး အရှေ့မှာရပ်နေတာ သူမြေး တစ်မိုးအောက်"ဂျွန်ဂျောင်ကု"ဟုတ်ပါလေစ ကုပ်ချောင်းချောင်းနဲ့ ယုန်သူငယ်လေးတစ်ကောင်လို ကုပ်နေလိုက်တာများ
ဖြတ်ရိုက်ချင်စရာလေး..............။

BUNCH {စည်း}Complete ✔️Where stories live. Discover now