🌿_8

911 107 8
                                    

ဂျောင်​ကု​ဆော့ဂျင်​နဲ့ dinner ပွဲကိုအတူတက်​ချင်​တာ​ကြောင့်​မင်္ဂလာပွဲကိုသူပဲ တက်​လိုက်​မယ်​ဆိုပြီး အဖိုးကို​ပြောလိုက်​တော့ အဖိုးကသူ့ကို တအံ့တသြဖြစ်ကာ အင်တင်တင်​လုပ်​နေတာ​ကြောင့်​......

သူလည်း အခုသွားရမယ့်​ပွဲက တခြားသူမရင်းနီးတဲ့သူမှ မဟုတ်​တာ အကို​ဂျောင်​မင်​ရဲ့ပွဲပဲဟာကိုလို့​ပြောတာ​တောင်​မယုံသင်္ကာနဲ့ သူပြဿနာ တစ်​ခုခုရှာလာမှာ​ကြောက်​နေလားမသိ....
သူပဲပွဲကို လာတက်လိုက်​မယ်​တကဲကဲလုပ်​နေ​လေသည်။

သူ့သူငယ်​ချင်းေ​တွနဲ့လည်းမဆုံတာကြာလို့ ဘာညာနဲ့​ပြော​နေတာ​ကြောင့်​သူလည်း...ကျွန်​တော်​တို့ပွဲကျရင်​လည်း အဖိုးကမ​ဖြစ်​မ​နေလာရမှာ​လေ ကျွန်​တော်​တို့ပွဲလည်း သိပ်​မှမလို​တော့တာ အဲ့ကျမှဆုံကြ​ပေါ့အဖိုးမိတ်​ဆွေ​တွေနဲ့...
အခုကအဖိုးပင်​ပန်းပါတယ်​လို့​ပြောလိုက်​မှ အားရ​ကျေနပ်​စွာနဲ့ အခုကတည်းက အဖိုးစီစဉ်​ထားလိုက်​ရ​တော့မလားလုပ်​နေသည်​။

💙💙💙💙💙💙💙💙💙

​ဂျောင်​ကု သူ့နဲ့အတူပွဲကို မ​ခေါ်ချင်​တဲ့လူ​ကြောင့်​အကြံ​တွေ ထုတ်​ကာ ကူလီကူမာလုပ်​လိုက်​ရသည်​။ဒါ​တောင်​သူ့ ကို စူပုတ်​ပုတ်​နဲ့မ​ခေါ်ချင့်​ခေါ်ချင်​တင်​ခေါ်သွားသည်​။

ပွဲ​ရောက်​ပြီး သူ ကင်​ဆော့ဂျင်​နဲ့အတူထိုင်​နေတုန်း သူမှတ်​မိတဲ့သူ​တွေ​ရော မမှတ်​မိတဲ့သူ​တွေ​ရော သူ့ကိုလာနှုတ်​ဆက်​လာပြီး သူ့တို့ဝိုင်းဘက်​ကို အတင်းဆွဲ​ခေါ်​နေကြ​တော့ သူယက်​ကန်​ယက်​ကန်​နဲ့ပါသွား​လေသည်​။

သူကလည်းသူပဲ​ကိုး အရင်​ကရှုပ်​ရှုပ်​ယှက်​ယှက်​တွေလုပ်​ခဲ့မိတာ​ကြောင့်​အလိုက်​အသင့်​ခဏ​လောက်​တော့ လိုက်​သွားလိုက်​သည်​။
အကို​ဂျောင်​မင်​ရဲ့ပွဲဖြစ်​နေတာ​ကြောင့်​ရော အဖိုးကိုဘာပြဿနာမှ မဖြစ်​စေရဘူးလို့ ကတိ​ပေးခဲ့တာ​ကြောင့်​ရော​တော်​ကြာ လူပုံအလည်​မှာ သူ​ဒေါသထွက်​ပြလိုက်​မိရင်​ကင်​ဆော့ဂျင်​က သူ့ကိုအထင်​သေးသလို ကြည့်​လာမှာ သူမလိုလား​ပေ။

BUNCH {စည်း}Complete ✔️Where stories live. Discover now