ဂျောင်ကု ဆော့ဂျင်ကို သန့်ရှင်းပေးပြီး အဝတ်အစားထူထူထည်းထည်းလေးအမြန်ဝတ်ပေးလိုက်သည်။တော်ကြာ အအေးမိပြီးဖျားသွားမှာစိုးရိမ်ရသည် "ဂျင့်"ကို အဝတ်အစားလဲပေးပြီး
သူလည်းရေချိုးခန်းထဲဝင်ကာ သန့်စင်လိုက်ပြီး "ဂျင့်"ဘေးနားလေး တိုးကပ်အိပ်လိုက်တော့သည်။ဆော့ဂျင် နိုးလာတော့ ခန္ဓာကိုယ်က လန်းဆန်းမနေ မအီမသာနဲ့နေလို့မကောင်းဖြစ်နေသည်။ ဘေးကိုလှည့်ကြည့်လိုက်တော့ ဂျောင်ကုက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေ၏။ သူညကအကြောင်းတွေ ပြန်တွေးမိတော့ ဖျင်းကနဲတောင်ဖြစ်သွားသည် ရှက်ဖို့ကောင်းလိုက်တာ ဘာလို့များသူ့ကိုသနားပြီး ခွင့်ပြုပေးလိုက်မိပါလိမ့်။ အခုတော့ သူမအီမသာနဲ့နေလို့မကောင်းဖြစ်နေရပြီ သူစောင်လေး နဲနဲလှပ်ဟကြည့်လိုက်တော့ သူ့ကိုယ်ပေါ်မှာ လုံလုံခြုံခြုံပဲ အဝတ်အစားတွေရှိနေသည် ။ဒါတွေ "ဂျောင်ကု"ကအကုန်လုပ်ပေးထားတယ်ဆိုတာ တွေးမိပြန်တော့ သူ့မျက်နှာဘယ်နားထားရမှန်းတောင်မသိ ရှက်စရာကောင်းလိုက်တာ။
"ဂျင်..."
"နိုးနေပြီလား...."
ဂျောင်ကု နိုးလာကာ အက်ရှရှအသံနှင့်သူ့ကိုကြည့်လာပြီးမေးတော့ သူ့ခန္ဓာကိုယ်လေးဆတ်ကနဲတုန်သွားရသည်။သူတောင့်တောင်ကြီးနေနေပြီး ဘာမှပြန်မဖြေတော့ သူ့နဖူးပေါ်လက်တင်ပြီး စမ်းလာတော့သည်။
"ကိုယ်ငွေ့ငွေ့လေးပူနေတာပဲ ဖျားသွားပြီထင်တယ်"
"နေသာရဲ့လားဟင်...ဘယ်လိုနေသေးလဲ"
သူက ဂရုဏာသက်စွာမေးနေပေမယ့် သူဘယ်လိုပြန်ဖြေရမှာလဲ နေလို့မကောင်းတာမှန်ပေမယ့် မဖြေချင်ဘူး။ သူပြန်မဖြေတော့ ဂျောင်ကုကထထိုင်လိုက်ပြီး နဖူးစမ်းလိုက် ပါးကိုင်လိုက်နဲ့ ပွေ့တော့မလို ချီတော့မလိုနဲ့ ဗျာများနေတော့သည်။
"ဂျင်...မသက်သာလို့လားဟင် မောင့်ကိုဖြေပါဦး"
"မောင် ဆရာဝန်ခေါ်လိုက်မယ် ခဏနေဦးနော်..."
"မခေါ်နဲ့...."
ထိုအခါမှ နှာခေါင်းသံလေးနဲ့ တိုးတိုးလေးဖြေလာတော့သည်။
YOU ARE READING
BUNCH {စည်း}Complete ✔️
Fanfiction"ခင်ဗျားတစ်ယောက်တည်း တစ်ဖက်သတ်ကြီးခြားထားတဲ့စည်းကို ကျုပ်ကဂရုစိုက်မယ် ထင်လို့လား" JEON JUNG KOOK💜 "အဓိပ္ပါယ်မရှိတာတွေလုပ်ဖို့ ငါကခွင့်ပြုမယ် ထင်နေလို့လား" KIM SEOK JIN 🩷