🌿_2

1.8K 126 4
                                    

ဆော့ဂျင် သူ့အရှေ့မှာရှိနေတဲ့လူကို မကြည်ပေမယ့် လူကြီးလူကောင်းပီပီ စတင်နှုတ်ဆက်လိုက်သည်။

"ကြိုဆိုပါတယ် ကင်မ်အိမ်တော်မှ"

"ကင်မ်အိမ်တော်ရဲ့အုပ်ထိန်းသူ သားအကြီး ကင်မ်ဆော့ဂျင် ထင်ပါရဲ့ .... ဂျွန်ဂျောင်ကုပါ တွေ့ရတာဝမ်းသာပါတယ်"

ဆော့ဂျင်အသိအမှတ်ပြုသလို ခေါင်းတစ်ချက်ညိမ့်ပြလိုက်ပြီး ကမ်းပေးလာတယ့် လက်တစ်ဖက်ကို ထိရုံမျှထိလိုက်ပြီးပြန်လည်နှုတ်ဆက်လိုက်သည်။
သူ့ကိုပြုံးပြပြီးနောက် မီမီဘက်သို့လှည့်သွားကာ။

"တွေ့ရတာဝမ်းသာပါတယ် ကင်မ်ဆမ်မဒီ.."

"ဟုတ် တွေ့ရတာဝမ်းသာပါတယ် ကင်မ်ဆမ်မီ ပါ"

"အာ...တွေ့ရတာဝမ်းသာပါတယ် အဖိုးက သေချာပြောပြလိုက်ရဲ့နဲ့ လမ်းမှာရွတ်လာရင်း နဲနဲမေ့သွားသေးတယ် အဟင်း..."

ဆော့ဂျင် နဲနဲတော့ဒေါပွမိသွားသည် ဘယ့်နယ့် ကိုယ်နဲ့ လက်ထပ်ရမယ့် မိန်းကလေးရဲ့အမည်ကို မေ့ရတယ်လို့ ပေါ့ပျက်ပျက်နဲ့။ နေပါဦး ဒီအမည်လေးမှတ်ဖို့ကို ရွတ်လာဖို့လိုလို့လား ပြီးတော့လည်းတလွဲ....
တော်သေးတာ သူ့အမည်ကိုလည်း ကင်မ်ဆော့ကျင်တွေ ကင်မ်ဆော့ဂျန်တွေ ထွက်မလာလို့။
~~~~~~~~~~~~~~~~~~~~~

ဆော့ဂျင် သူ့ကိုအနားယူဖို့ပြောပြီး အိမ်ကဝန်ထမ်းတစ်ယောက်ကို စီစဉ်ပေးထားတဲ့အခန်းကို လိုက်ပို့ခိုင်းလိုက်သည်ကို သူက သိပ်ပြီးကျေနပ်ချင်ပုံမပေါ် ကြည့်ရတာ သူဖြစ်" မီမီဖြစ်"တစ်ယောက်ယောက်လိုက်ပို့ပေးစေချင်ပုံပေါ်သည်။သူ့သူ ဂျွန်အိမ်တော်မှာ ဘာကြီးဖြစ်ဖြစ် ဒီမှာတော့ ကိုယ့်စည်းကမ်းအတိုင်းသာနေရမည် ပြီးတော့ ကိုယ့်ညီမနဲ့ တစ်ချိန်မှာ လက်ထပ်ရမယ့်သူ။လေးစားသမှုရှိအောင်တော့ အခုကတည်းက အပိုးချိုးထားမှ။ ပုံစံကိုက ဘာမထီရုပ်နဲ့ ဒီတိုင်းဆို မီမီအတွက်စိတ်ပူမိသည်။မီမီက ငယ်ငယ်ကတည်းက သူ့ရဲ့သွန်သင်ဆုံးမမှုတွေနဲ့ ကြီးပြင်းလာတဲ့ အဖြူစင်အရိုးထည်လေး။
~~~~~~~~~~~~~~~~~~~~~~~

ဆော့ဂျင် ပြင်ဆင်ပြီး ဆင်းလာတော့ ထမင်းစားဝိုင်းမှာထိုင်နေတဲ့ မီမီက သူ့ကိုမြင်တော့ ရယ်ပြပြီး သူ့အတွက်ကော်ဖီဖျော်ပေးလာခဲ့သည်။

"ဂျွန်ဂျောင်ကု ဆင်းမလာသေးဘူးလား"

"ဟုတ်တယ် ကိုကြီး မနိုးသေးဘူးထင်တယ်"

ဆော့ဂျင် မနက်စာစားပြီးနောက် အပေါ်ပြန်တက်လာခဲ့သည်။
ဒေါက်...ဒေါက် ဒေါက်ဒေါက်ဒေါက်...

"ဂျွန်ဂျောင်ကု ဂျောင်ကု ဂျွန်ဂျောင်....."
သူတခါးခေါက်နေတုန်း တခါးပွင့်လာပြီး အိပ်မှုန်စုံမွှားနဲ့ တဝါးဝါးသမ်းကာ သူ့ရှေ့ရပ်လာသည်။

"ဘယ်ချိန်ရှိနေပြီလဲ ထသင့်ပြီ ဒီနေ့တော့ရှိစေတော့ နောက်နေ့ကစပြီး မနက်6နာရီ အိပ်ယာထရမယ် 6:30ဆို ထမင်းစားဝိုင်းထဲရောက်နေရမယ်"

ပြောပြီးလှည့်ထွက်သွားတဲ့ ဆော့ဂျင်ကို သူကြောင်ပြီးရပ်ကြည့်နေမိသည်။

"ငါ အိပ်မက်မက်နေတာလား ဒါမှမဟုတ် လာစနောက်သွားတာလား 6:00ဆိုတာ"

BUNCH {စည်း}Complete ✔️Where stories live. Discover now