🌿_10

898 94 5
                                    


​ဆော့ဂျင်​ဒေါကြီး​မောကြီးဖြင့်​အိမ်​ထဲသို့ဝင်​လာကာ.....

"ဂျွန်​ဂျောင်​ကု!!!"

"ကိုကြီး... ဘာဖြစ်​လာတာလဲဟင်​ဘာဖြစ်​လို့လဲ "

​ဆော့ဂျင်​လက်​သီးကျစ်​ကျစ်​ဆုပ်​ထားပြီး​ဒေါသတကြီး​အော်​လိုက်​တော့ ဆမ်​မီ"ကအနား​ပြေးလာပြီး​အလန့်​တကြား​မေးလာသည်​။ ကျန်​တဲ့အိမ်​အကူအလုပ်​သမား​တွေကလည်း သူ့ကိုကြည့်​ပြီး​ကြောက်​ရွံ့စွာဖြင့်​တစ်​ဟိုဟို တစ်​ဟင်​ဟင်ဖြစ်​နေကြသည်​။

"ဂျွန်​ဂျောင်​ကု ဘယ်​မှာလဲ....!!"

"ဟို..ဟို..သူ့အခန်းထဲမှာ ထင်​တယ်​ကိုကြီး.."

​ဆော့ဂျင်​အ​ပေါ်ထပ်​သို့ ဒုန်းစိုင်းတက်​သွားရင်း​အ​နောက်​ကိုပြန်​လှည့်​ကြည့်​ကာ...

"ဘယ်​သူမှ တက်​မလာကြနဲ့..!!"

🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥

ဒုန်းးဒုန်းးးးး....

"တခါးဖွင့်​စမ်း!..ဂျွန်​ဂျောင်​ကု..!!!!"
​ဆော့ဂျင်​နောက်​တစ်​ချက်​ထပ်​ထုမယ်​လုပ်​တော့ တခါးပွင့်​လာသည်​။

ဂျ​လောက်​...

​ဂျောင်​ကု တခါးဖွင့်​ဖွင့်​လိုက်​ချင်း စကား​ပြောမို့ကြံတုန်းရှိ​သေး...

ခွပ်​!!

သူအထိုးခံလိုက်​ရခါ​ကြောင်​အသွားပြီး​မော့ကြည့်​လိုက်​စဉ်​..သူ့အ​ရှေ့ကလူသားက​ဒေါသတကြီးဖြင့်​သူ့လည်​ပင်းက​ကော်​လံစကို လာဆွဲ​လေသည်​...။

"မင်း​အောက်​တန်းကျလှချည်​လား ဂျွန်​ဂျောင်​ကု!!!..
ငါ့ကို မင်းဘာထင်​နေလဲ...ဟမ်​! မင်းမှာ အဲ့လိုစိတ်​ဓာတ်​ရှိမှန်းသိခဲ့ရင်​ငါ့အိမ်​အရိပ်​တောင်​အနင်းမခံခဲ့ဘူး!!"

​ဂျောင်​ကုရင်​ထဲဆစ်​ခနဲပဲ သူဘာမှနားမလည်​တော့ ဝင်​ဝင်​လာခြင်း သူ့ကိုဆွဲထိုးသည်​။အခုလည်း​မျက်​လုံး​တွေနီရဲ​တောက်​ပြီး​ဒေါသတကြီးဖြင့်​သူ့ကို ရင့်​ရင့်​သီးသီး​တွေ​ပြော​နေ​လေသည်​။

"ခဏ​လေး Jin ကျွန်​တော်​ဘာအမှားလုပ်​မိ......"

"မ​ခေါ်နဲ့..!! ငါ့ကိုအဲ့လိုအမည်​တပ်​မ​ခေါ်နဲ့..ငါမင်းထက်​အငယ်​မဟုတ်​ဘူး!!"

BUNCH {စည်း}Complete ✔️Where stories live. Discover now