🌿_16

876 107 10
                                    

ဆော့ဂျင် အိပ်ယာထဲ ဟိုဘက်လှိမ့်လိုက်ဒီဘက်လှိမ့်လိုက်ဖြင့် အိပ်မပျော်နိုင်ဖြစ်နေသည်
မနက်က ဂျောင်ကုပြောခဲ့တဲ့စကားတွေကို ထပ်ခါထပ်ခါစဉ်းစားရင်း သူအတွေးများနေမိသည်
တကယ်ပဲ "မီမီ"က ဂျောင်ကုကို စိတ်ဝင်စားမနေဘူးလား ။

နေပါဦး စိတ်မဝင်စားတော့ရော ဘာဖြစ်လဲ သူကဒါကို ဘာလို့အရေးတယူလုပ်ပြီး စဉ်းစားနေရမှာလဲ
ဂျောင်ကုသူ့ကို ဖက်ထားတုန်းကလည်း သူ မရုန်းဘဲ ငြိမ်နေမိခဲ့တာ ဂျောင်ကုပြောလာတဲ့ စကားတွေနားထောင်ပြီး သူရင်တွေတောင်ခုန်နေမိခဲ့တာ ဂျောင်ကုသတိမထားမိတာပဲ တော်သေးသည်ပြောရမည် ။
ဒါက ဘယ်လိုဖြစ်အင်ကြီးပါလိမ့် သူတခါမှမဖြစ်ဖူးဘူးရယ်....

တွေးကြည့်ရင် တကယ်ရှက်စရာကောင်းလိုက်တာ သူအသက်၃၀သာရောက်လာတယ် ဒီလိုကိစ္စတွေနဲ့မရင်းနီးခဲ့ဖူးဘူး ကျောင်းတက်တုန်းကလည်း စာပဲကြိုးကြိုးစားစားလုပ်ခဲ့တာ ကျောင်းပြီးသွားတော့လည်း လုပ်ငန်းတွေဦးစီးပြီး သူ့ညီမလေးအတွက်ပဲ တွေးပေး စဉ်းစားပေးရင်း နေလာခဲ့တာ အချစ်ဆိုတာ ဘာမှန်းတောင်သူသိခဲ့တာမဟုတ်.........

~~~~~~~~

"ဟယ် ကိုကြီး ရေတွေအောက်ကို လျှံကျနေပြီလေ..."

"ဟင်..."

သူငုံ့ကြည့်လိုက်တော့ ဖန်ခွက်ထဲကရေတွေအောက်လျှံကြနေသည်.....

"ဟယ်တော် ရေသောက်မလို့ငှဲ့နေတာမဟုတ်ဘူးလား မသောက်တော့ဘူးလား ကိုကြီး..."

သူနောက်ကိုတလှည့် လက်ထဲက ကိုင်ထားတာကိုတလှည့်ကြည့်မိမှ ရေထည့်ထားတဲ့ဖန်ခွက်ကိုထားခဲ့ပြီး သူ့လက်ထဲရေခရားကြီးယူချလာတာကို သတိထားမိလေသည်။

သေပါပြီ  ကင်ဆော့ဂျင်ရယ် ဘာတွေဖြစ်နေတာလဲ

"ကိုကြီး နေမကောင်းဘူးလားဟင် စိတ်ဖိစီးတာတွေများနေလို့လား...."

"မ မဟုတ်ပါဘူး.....ရားးး ကင်မ်ဆမ်မီ အကြီးကို အဲ့လိုပြောစရာလား ငါဘယ်မှာ ကယောင်ချောက်ချားဖြစ်နေလို့လဲ ...."

BUNCH {စည်း}Complete ✔️Where stories live. Discover now