🌿_20

967 104 15
                                    

"ဂျင်ရေ ..ဂျင်..မောင်ပြန်လာပြီ.."

"ဂျင်...ဘယ်ရောက်နေလဲ မောင် ပြန်လာပြီလို့..."

"လာပြီ ..လာပြီ ...ဘာလို့ ဇွတ်အော်ခေါ်နေရတာလဲ.."

"မောင့်အမျိုးသား မျက်နှာလေးကို မြင်ချင်လို့ပေါ့ အချစ်လေးရဲ့...."

"ဂျောင်ကု..."

"ဗျာ"

"ငါလည်း အလုပ်တစ်ခုလောက်ရှာမလားလို့ ...ငါအိမ်မှာ ဒီအတိုင်းကြီးမနေချင်ဘူး ငါလည်းအလုပ်လုပ်ချင်တယ် "ဂျောင်ကု...."

"ဂျင်ကလည်းကွာ မလုပ်ရပါဘူး ...."ဂျင်"အိမ်မှာနေရတာပျင်းလို့လား.....
ဒါမှမဟုတ် မောင်ရှာတဲ့ငွေက နည်းလို့လား...ဒါဆို မောင်ပိုကြိုးစားပါ့မယ်....
မောင်အခုတောင် အချိန်ပိုင်းအလုပ်ထပ်စပ်လာသေးတယ်...."

"ဟင်...မင်းအခုဝင်နေတဲ့ ကုမ္ပဏီက အလုပ်တွေနဲ့တောင် ပင်ပန်းနေတဲ့ဟာကို..ဘာလို့အချိန်ပိုင်းအလုပ်ထပ်စပ်လာတာလဲ..."

"မပင်ပန်းပါဘူး...အချစ်ရဲ့....
အိမ်မှာစောင့်နေတဲ့ အမောပြေလေးရှိနေတာကို မောင်ကပင်ပန်းနေပါ့မလား....
ဒါပေမယ့်လည်းပေါ့နော် အမောတော့ဆို့ဆို့သွားတာတော့ရှိတာပေါ့......."

"ဟင်...ဟုတ်လား?
အာ... သိပြီ...မင်းခေါ်ရင် ငါရေမယူလာလို့မဟုတ်လား ဆောရီး ငါမေ့သွားလို့ပါ...."

"မောင်က ရေဘာလုပ်ရမှာလဲ..."

"မင်းပဲ အမောဆို့တယ်ဆို ရေမသောက်ရလို့မဟုတ်ဘူးလား....."

"မဟုတ်ပါဘူး....."

"ဒါဖြင့်ဘာလဲ?..."

"ဟောဒီ့နှုတ်ခမ်းလေးက မောင့်ကို မောင်လို့မခေါ်သေးတော့ မောင်အမောဆို့ဆို့သွားတာပေါ့....."

"နောက်နေ့ ငါ ထမင်းနဲ့ဟင်းကို တစ်ယောက်စာပဲ ချက်ထားတော့မှာ...."

"ဟင်...ဘာဖြစ်လို့လဲ..."

"ရူးမယ်ဆိုလည်း ထမင်းလွတ်ဟင်းလွတ်ရူး....."

ပြောပြီး အထဲဝင်သွားတဲ့ "ဂျင်"ကိုကြည့်ရင်း.......

"အဲ...လူကိုမသထာဘူး ကြည့်စမ်း....."

~~~~~~~~~<><><><>><>~~~~~~~~~

အခုဆို သူတို့နှစ်ယောက် တစ်လပင်ကျော်လာခဲ့ပြီ
"ဂျောင်ကု"ရှာခဲ့တဲ့အလုပ်ပေါင်းများစွာထဲကမှ ကုမ္ပဏီတစ်ခုမှာ အရောင်းပိုင်းတာဝန်ခံအဖြစ် အလုပ်ရခဲ့သည်။သူအချိန်ပိုင်းအလုပ်ပါထပ်လုပ်ဖို့ လုပ်ပေမယ့် "ဂျင်"ကလက်မခံခဲ့....သူ့ကိုဘာမှမလုပ်ခဲ့ဖူးတဲ့သူတစ်ယောက်ဆိုပြီး အပင်ပန်းဒဏ်မခံနိုင်ဘူးလို့ထင်နေသည်။ သူအချိန်ပိုင်းပါလုပ်မယ်ဆို သူလည်း အိမ်မှာမနေခဲ့ဘူး အလုပ်ထွက်လုပ်မယ်ဆိုပြီး ပြောလာလို့ သူ"ဂျင့်"ကို ထပ်ပြီးမပြောရဲတော့ချေ။ ဒါပေမယ့် "ဂျင်"မသိအောင်တော့ သူအချိန်ပိုင်းထပ်လုပ်မှရမည်။
"ဂျင်"က ကုမ္ပဏီကိုမသွားပေမယ့် သူ့အတွင်းရေးမှုးနဲ့ မန်နေဂျာကို စီစဉ်ညွှန်ကြားကာ အိမ်ကနေ စာရင်းတွေလုပ်ပေးသည်။ "ဆမ်မီ"က အစကတည်းက လုပ်ငန်းတွေကို ဝါသနာမပါတော့ စိတ်ဝင်စားလေ့မရှိ ....သူ့အကို,ကိုသာ အကုန်ပုံအပ်ထား၏ ။ကုမ္ပဏီအလုပ်တွေကို စိတ်ဝင်စားဖို့နဲ့ "ဂျင့်"နေရာကို ဝင်ယူဖို့ဖျောင်းဖျတော့လည်း လက်မခံဘဲရှိနေတော့ "ဂျင်"ကပဲ ဆက်ဦးစီးနေရသည်။ ကုမ္ပဏီစာရင်းတွေအပြင် အိမ်မှုကိစ္စတွေပါလုပ်နေလို့ ပင်ပန်းမှာစိုး၍ သူပြန်လာမှ လုပ်ပါ့မယ်ပြောပြီး သူတားတော့ "ဂျင်"က ဘာမှထွေထွေထူးထူးလုပ်ရတာမှမဟုတ်တာလို့ ပြောလာသည်။ ဘာပဲပြောပြော သူကတော့ မလုပ်စေချင်....ဒါတောင်အပြင်အလုပ်ထွက်လုပ်ချင်တယ်ပြောနေလို့  ......သူ့မှာ လူမပင်ပန်းပဲစိတ်ပင်ပန်းနေရသည်။ တကယ့်ပြောမနိုင်လေး.....

BUNCH {စည်း}Complete ✔️Where stories live. Discover now