🌿_18

950 108 9
                                    

"ဒါက ဘယ်လိုဖြစ်ရတာလဲ "ဂျွန်ဂျောင်ကု" ....
မင်းပဲ လက်ခံတယ်ဆိုပြီး ငါ့ကိုပြောခဲ့တာလေ ...."

"ဟုတ်တယ်လေ ကျွန်တော်ပြောတာ ကင်မ်အိမ်တော်နဲ့အမျိုးတော်ရမှာပါလို့ပဲပြောခဲ့တာ လွန်လွန်ကြူးကြူး အဖိုးကို ဘာမှမပြောခဲ့ဖူးဘူး"

"ဟ ...မင်း စကားကို ဘယ်လိုပြောနေတာလဲ လူနားလည်အောင်ပြောစမ်း......
"ဆမ်မီ"ဆိုတဲ့ ကလေးမလေးနဲ့ လက်မထပ်ဘူးလည်းပြောသေး အခုထိလည်း ကင်မ်အိမ်တော်နဲ့ အမျိုးတော်ဖို့ရာပြောနေသေး မင်းငါ့ကို ရှင်းအောင်ပြောစမ်း "ဂျွန်ဂျောင်ကု"...."

"ကင်မ်အိမ်တော်မှာ "ကင်မ်ဆမ်မီ"တစ်ယောက်တည်းရှိတာမှမဟုတ်တာ အမျိုးတော်ဖို့က"

"ဘာပြောတယ် နေ..နေစမ်းပါဦး မင်းအခုပြောနေတာ...."ကင်မ်ဆော့ဂျင်" ?

"ဟုတ်တယ်လေ ဘယ်သူဖြစ်ဖြစ် ကင်မ်အိမ်တော်ကပဲမလား....."

"ဘာကွ!....ငါသဘောမတူနိုင်ဘူး...."

"ဟာ ..အဖိုး! အဖိုးပဲ အဲဒီ့အိမ်နဲ့အမျိုးတော်ချင်လှပါချည်ရဲ့ဆို...."

"ဟုတ်တယ်လေ ငါတော်ချင်တယ်ပြောတာ "ကင်ဆော့ဂျင်"နဲ့ပြောတာမှမဟုတ်တာ....."

"အဖိုး လူကြီးဖြစ်ပြီးတော့...........ဟင် ...ဂျင်.."

"ဟို မင်း သက်သာလား ဝင်ကြည့်တာ ကုမ္ပဏီကအပြန်.........
ဥက္ကဌကြီးဂျွန် ရောက်နေတာပဲ ....ဒါဆို ခွင့်ပြုပါဦး.."

"ဂျင် ခဏလေး ခဏလေးနေပါဦး ဂျင်....."

နှုတ်ဆက်ပြီး အပြင်ပြန်ထွက်သွားတဲ့ "ဂျင့်"ကို သူ့အမြန်လိုက်တားလိုက်သည်။

🌿🌿🌿

အဖိုးက သူ့ကိုအကြောင်းလည်းမကြားစကားလည်းမပြန်ဆိုပြီး .....မင်းငါ့ကိုရှိတယ်လို့ရော သဘောထားသေးရဲ့လားနဲ့ ဖုန်းထဲကနေစဆူတော့သည် ။
သူကလည်းသူပါပင် ကင်ဆော့ဂျင်တို့အိမ်က ထွက်လာကတည်းက အဖိုးကိုမဆက်သွယ်ဖြစ်တာမို့ သူ့အပြစ်နဲ့သူအဖိုးဆူတာ ငြိမ်ခံနေလိုက်သည်။ အဖိုးကခဏပဲဆူပြီး မင်္ဂလာပွဲအကြောင်းပြောလာတော့ သူပွင့်ပွင့်လင်းလင်းပြောလိုက်သည် သူ"ဆမ်မီ"နဲ့ လက်ထပ်မှာမဟုတ်ကြောင်းအခု အဲ့အိမ်မှာမနေဘဲ သူ့တိုက်ခန်းမှာသာ နေနေကြောင်း ပြောပြလိုက်တော့ အဖိုးက အတော်လေးဒေါသထွက်သွားပြီး မင်းနဲ့ငါစာရင်းရှင်းမယ်ဆိုပြီး ဖုန်းချသွားသည်။

BUNCH {စည်း}Complete ✔️Where stories live. Discover now