🌿_12

862 93 3
                                    

ဂျောင်ကု ဆမ်မီ့ဆီက phရရချင်း ဆော့ဂျင်နောက်ကို ကားကိုဒုန်းစိုင်းမောင်းလာလိုက်သည်။တဖက်ကလည်း Phကို အဆက်မပြတ်ခေါ်နေရင်း

"Phကိုင်စမ်းပါ ကင်ဆော့ဂျင်ရာ......
ကျစ် ...ကိုင်စမ်းပါဗျာ"

သူ ကင်ဆော့ဂျင်အိမ်ကထွက်လာခဲ့ပြီး အဖိုးဝယ်ပေးထားတဲ့ တိုက်ခန်းမှာသွားနေလိုက်သည်။အစကဒီကိုလာကတည်းက အဖိုးကတိုက်ခန်းမှာပဲ သွားနေမလား သူလွတ်လွတ်လပ်လပ်နေချင်တယ်ဆိုရင်လို့ပြောသည် ။
ကင်မ်အိမ်တော်ကိုတော့ မကြာကြာသွားရမယ်လို့ပြောသည်။သူအဲ့မှာပဲနေချင်လို့ အဲဒီ့အိမ်ကိုသာ တန်းသွားလိုက်သည်။

ဂျောင်ကု barမှာထိုင်နေတုန်း Phဝင်လာသည် သူကိုင်ကိုင်ချင်းပဲ တစ်ဖက်က ဆမ်မီရဲ့အသံကငိုသံတွေပါနေပြီး ဗလုံးဗထွေးနဲ့ ပြောနေတော့ သူထိတ်လန့်သွားကာ Barအပြင်သို့ထွက်လာပြီး ပြန်မေးလိုက်သည်။

"ဆမ်မီ ဘာဖြစ်တာလဲ ကိုယ့်ကိုရှင်းအောင်ပြောပြ ဘာဖြစ်လို့လဲ...."

"ကိုကြီး..ကိုကြီးကို ကယ်ပါဦး အကိုဂျောင်ကု"

"ဂျင် ဂျင်ဘာဖြစ်လို့လဲ ဆမ်မီ အမြန်ပြောစမ်းပါ"

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဆော့ဂျင် အခုမှ သူPhကို သတိရကာ မီမီ့ကိုအကျိုးအကြောင်းပြောပြပြီး စိတ်မပူဖို့လှမ်းပြောဖို့ Phထုတ်လိုက်တော့ ဝင်ထားတဲ့ Missed Call တွေမှမနည်း "မီမီ"ဆီကရော သူမသိတဲ့နံပါတ်ကရော ခေါ်ထားတာမှ မနည်း သူကြည့်နေတုန်းရှိသေး Phone callက ထပ်ဝင်လာတော့ သူကိုင်လိုက်သည်ပြီး hello မထူးခင်မှာဘဲ အဖက်က အလောတကြီးစကားသံထွက်လာသည်။

"Hyung ဘာလို့Phမကိုင်တာလဲ! အခုဘယ်ရောက်နေပြီလဲ နောက်ပြန်လှည့်လိုက်တော့hyungကားကို အခုနောက်ပြန်လှည့်လိုက်တော့......."

"ဂျင် !ကြားရဲ့လားကျွန်တော်ပြောနေတာ ကားကိုနောက်ပြန်လှည့်ခဲ့တော့ ဆက်မသွားနဲ့တော့ ကျွန်တော်အခုလိုက်လာနေပြီ......"

"JungKookအခုမင်းဘာတွေပြော..........."

ကျွီ!

ဒုန်း!!!

"ဂျင်!! "

"ဂျင်....ဘာဖြစ်တာလဲ ဘာဖြစ်ဖြစ်ကားပေါ်က မဆင်းနဲ့ဦး .....မဟုတ်ဘူး ကားပေါ်ကဆင်းလိုက်...ဟာကွာ ကျစ်!!" ကျွန်တော်လာနေပြီနော် မကြောက်နဲ့"

BUNCH {စည်း}Complete ✔️Where stories live. Discover now