🌿_7

922 113 7
                                    

ဆော့ဂျင်​လုပ်​ငန်းတူ မိတ်​ဆွေ တစ်​ယောက်​ရဲ့dinnerပွဲတက်​ဖို့အတွက်​ပြင်​ဆင်​ပြီးဆင်းလာသည်​။

သူကပွဲ​တွေလိုက်​တက်​ရတာ သ​ဘောမကျ​ပေမယ့်​လူမှု့ဆက်​ဆံ​ရေးအရကျ​တော့ မသွားလို့ကမဖြစ်​စီးပွား​ရေးနယ်​ပယ်​ကလူ​တွေက ပွဲ​တွေလုပ်​ရတာသိပ်​ကြိုက်​ကြတယ်​လေ​မွေး​နေ့ဆိုလည်းပွဲ နှစ်​ပတ်​လည်​ဆိုလည်းပွဲ ကြိုဆိုလည်းပွဲ နှုတ်​ဆက်​လည်းပွဲ ဒါကလည်း စီးပွား​ရေး​လောကရဲ့ လှည့်​ကွက်​တွေ​လေ တစ်​ယောက်​နဲ့တစ်​ယောက်​မိတ်​ထိန်းကြတယ်​ဆိုပါ​တော့ .....။

အခုပွဲကကျ​တော့​မနက်​ကမင်္ဂလာပွဲကို သူအ​ရေးတကြီးအစည်းအ​ဝေးရှိလို့ မတက်​ဖြစ်​လိုက်​တာ​ကြောင့်​dinner​တော့တက်​မှရမည်​။ ထိုသူက သူ့နဲ့စီးပွားဖက်​လည်းဖြစ်​သလို​ကျောင်းတုန်းက အတန်း​ဖော်​လည်းဖြစ်​ခဲ့ဖူးသည်​။

သူကား​ပေါ်တက်​မည့်​အလုပ်​တစ်​စုံတစ်​ယောက်​က သူ့အနားသုတ်​ခြေတင်​ပြေးလာပြီး.......

"အဟမ်း..ကျွန်​တော်​မောင်းလိုက်​ရမလား..."

"ဘယ်​ကိုလဲ"

"dinner ပွဲကို​လေ.."

​ဆော့ဂျင်​မျက်​မှောင်​ကြုတ်​လိုက်​ပြီး....
"မင်းက ဘာလိုက်​လုပ်​မှာလဲ..."

"အဖိုး​လေ သူကျန်းမာ​ရေးသိပ်​မ​ကောင်းလို့တဲ့​လေယဉ်​စီးဖို့ အဆင်​မ​ပြေလို့တဲ့ ...အဲဒါ..သူ့အစား ကျွန်​တော့်​ကိုပွဲတက်​ပေးပါတဲ့ အဲ့က သတို့ သားရဲ့အဖိုးနဲ့အဖိုးနဲ့က သူငယ်​ချင်းအရင်းကြီးမလို့တဲ့... "

​ဂျောင်​ကု​ဖြေရှင်းချက်​ပေးပြီး​ဆော့ဂျင်​ကို ပြုံးပြလိုက်​သည်​...။

"ဒါဆိုလည်း မနက်​ကသွားပါ့လား မင်းအား​နေတာပဲကို"

"မနက်​ကဆို ကျွန်​တော်​တစ်​ယောက်​တည်း​လေ အ​ဖော်​လေးပါ​တော့ ပို​ကောင်းတာ​ပေါ့ မဟုတ်​ရင်​ကျွန်​တော်​တစ်​ယောက်​တည်း​မျက်​နှာငယ်​နေရမှာ​ပေါ့ ..."

"ဘာရယ်​မင်းလိုလူက မျက်​နှာငယ်​ရဦးမယ်​.."
​ဆော့ဂျင်​မျက်​နှာကိုရှုံ့မဲ့ပြီး ရွဲ့​ပြောလိုက်​တော့....

BUNCH {စည်း}Complete ✔️Where stories live. Discover now