🌿_13

904 97 7
                                    



ဆမ်မီ ဂျောင်ကုကိုPhခေါ်ပြီးပြီးချင်း ဦးလေးဖြစ်သူ "ကင်မ်ဆောင်ဝူ"ရဲ့ကားအနောက်ကို ခပ်လှမ်းလှမ်းကနေ နောက်ယောင်ခံလိုက်ခဲ့လိုက်သည်။
ဘူဆန်သွားတဲ့ဘက်ကို ကားကဦးတည်နေတဲ့အခါ...ဒါဆို အဲ့ကိုလိုက်နေတာပဲ။

သူခပ်လှမ်းလှမ်းကနေ မျက်ခြေမပြတ်လိုက်လာရင်း တစ်နေရာအရောက် ဒီဘက်မှာတစ်စီးထဲရပ်ထားတဲ့ ကားရဲ့ခပ်လှမ်းလှမ်းမှာ ဦးလေးကင်မ်ဆောင်ဝူရဲ့ကားကရပ်သွားသည်။ ဒါဆို ရှေ့မှာရှိနေကြတာကိုကြီးတို့တွေပေါ့ သူလည်းအဲ့နားမှာတင်ကားကိုဖြစ်သလိုရပ်ခဲ့လိုက်ပြီး ကားပေါ်ကဆင်းပြေးလာလိုက်သည်။

(ဂျင်နဲ့ဂျောင်ကုက နောက်ကြောပေးထားတဲ့အပြင် အချင်းချင်းစိတ်ပူနေကြတာဖြစ်တဲ့အတွက် သူတို့အနောက်ကလာနေတဲ့ကားတွေကို သတိမထားမိပါ.....
တစ်ဖက်လူတွေကကျ ကားလာတာမြင်ပေမယ့် မထူးဇာတ်ခင်းတော့မှာမို့ မတုန်လှုပ်ကြတော့ ဝင်ကူရင်ကူတဲ့သူတွေပါ အပြတ်ရှင်းတော့မှာမို့ )

ထိုချိန်လာနေတဲ့ကားတစ်စီးမှရပ်သွားပြီး ဆင်းလာသူက သူတို့ဆရာဖြစ်နေသည်။

အရှေ့မှာ ကိုကြီးနဲ့အကိုဂျောင်ကုကို မြင်လိုက်တော့ အကိုဂျောင်ကုက ကိုကြီးကိုသူ့နောက်တွင်ကာထားလေသည် ။အနောက်ကလာနေတဲ့ ဦးလေးကင်မ်ဆောင်ဝူကိုလည်းသတိထားမိပုံမပေါ် ကြ......
ဦးလေး ကင်မ်ဆောင်ဝူက ဒေါသတကြီးဖြင့်ခါးကြားထဲက ဓားမြှောင်ကိုထုတ်လိုက်တာမြင်တော့ သူဘာမှမစဉ်းစားနိုင်တော့ဘဲ ခြေကုန်ပြေးကာ ကိုကြီးအနောက်ကိုဝင်ရပ်လိုက်သည်။

စွပ်!!

"အ့"

"ဟင်"

"မီမီ!!"

"ဆမ်မီ"

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဆော့ဂျင် ဂျောင်ကုနဲ့စကားအခြေအတင်ပြောနေတုန်း သူ့အနောက်ကိုတစ်စုံတစ်ယောက်ကဝင်ရပ်လာပြီး သူအလျင်အမြန်လှည့်ကြည့်လိုက်တော့......
မြင်လိုက်ရတဲ့မြင်ကွင်းက .......
"မီမီ" "မီမီ"ကဘယ်လိုဖြစ်ပြီး......

"ကင်မ်ဆမ်မီ!!!
နင်ဘာဝင်လုပ်တာလဲ!!နင်က...နင်က ဘယ်လိုလုပ်ပြီး ဒီကိုရောက်လာတာလဲ!
အဲ့အကောင်က ဘာတွေကောင်းနေလို့ နင်က အသက်ပေးပြီး ကာကွယ်နေရတာလဲ!!!!!"

BUNCH {စည်း}Complete ✔️Where stories live. Discover now