Part(14)Uni/Zaw

16.6K 757 118
                                    

Unicode

'ရှိုင်း' နှင့် 'သုတ' နေ့လည်စာစားရန် ဌာနမှထွက်လာတော့ ဌာနရှေ့တွင် ရပ်နေသည့် 'ဦးရာဇဝင်'၊
ဌာနကထွက်လာသည့် လူတိုင်းက 'ဦးရာဇဝင်' ကိုလည်ပြန်ပင် ကြည့်နေကြကာ
တစ်ချို့မိန်းကလေးငယ်များဆိုလျှင် စကားပင်သွားပြောနေကြသည်အထိ၊

" ကလေးငယ် "

'ဦးရာဇဝင်' က 'ရှိုင်း' ကိုမြင်သည်နှင့် အနားကိုရောက်လာသဖြင့် 'သုတ' ကခေါင်းငုံ့ကာ ရိုသေသမှုပြုသည်။ ထို့နောက် 'ရှိုင်း' အနားကပ်ကာ
စကားတစ်ချို့ပြော၍ နေရာမှထွက်သွားသည်။

" 'ဦးရာ' ဒီကိုဘယ်လိုလုပ်ရောက်နေတာလည်း"

" ဒီနေ့ ကိုယ့်သမီးကို ကျောင်းလိုက်အပ်ပေးတာလေ အဲ့တာ နေ့လည်စာစားချိန်ရောက်နေပြီမလို့
ကလေးငယ်ကို သတိရလို့ "

" 'ဦးရာ' အချိန်ရရင် နေ့လည်စာတူတူစားရအောင်လေ ဟိုနေ့က ကိစ္စအတွက် ကျေးဇူးတင်တဲ့အနေနဲ့ ကျွန်တော်လိုက်ကျွေးပါ့မယ် "

" ဒကာခံမယ့်လူရှိတော့လည်း စားရမှာပေါ့ဗျာ..
လွယ်အိတ်ကိုယ့်ကိုပေး "

'ရှိုင်း' ၏အဖြေကိုပင်မစောင့် 'ရှိုင်း' လွယ်ထားသည့် ကျောပိုးလွယ်အိတ်ကိုယူကာ 'ဦးရာဇဝင်' ကတစ်ဖက်ထဲလွယ်ထားရင်း ရှေ့မှထွက်သွားတော့ 'ရှိုင်း' လည်းဘေးကနေကပ်လိုက်ရသည်။
နှစ်ယောက်သား စကားတစ်ပြောပြောနှင့် ဌာန၏ကားပါကင်ဘက်ကို သွားကာ 'ဦးရာဇဝင်' ၏ကားနှင့်ပင် စားသောက်ဆိုင်ကိုထွက်လာခဲ့ကြသည်။

>>>>>>

'သုတ' အင်ဂျင်နီယာဌာနကန်တင်းကိုရောက်တော့ 'လွမ်း' နှင့် 'မြူငယ်' ၏ဘေးတွင် ကောင်မလေးတစ်ယောက်၊ စေ့စပ်ပွဲနေ့က
သတိုးသားနှစ်ယောက်အား စကားများစေသည့်
တရားခံမလေး၊ 'မြူငယ်' ကအလယ်ကထိုင်နေခြင်းဖြစ်ရာ မျက်နှာချင်းဆိုင်မှာတော့ 'ခမ်း' ကထိုင်နေခြင်းဖြစ်သည်။ 'ခမ်း' က 'သုတ' ကိုမြင်တော့ လက်လှမ်းပြလာသဖြင့် 'သုတ' လည်းထိုနေရာသို့သွားကာ 'ခမ်း' ၏ ဘေးတွင် ဝင်ထိုင်လိုက်သည်။

" 'အကိုသုတ' ကိုကိုရော "

" 'ရှိုင်း' ကသူ့အသိတစ်ယောက်နဲ့ တွေ့လို့
ကျန်နေခဲ့တယ် "

You're My Beloved ( COMPLETE )Where stories live. Discover now