Part 1 - နာကျင်ဖွယ်အတိတ်

2.1K 48 0
                                    

‌ငါ့ကိုမုန်းလိုက မုန်းနိုင်ပါတယ် ကိုကို။
ငါဟာ ဘ၀မလှခဲ့တာမလို့ ကိုကိုပြောနေခဲ့တဲ့အပြစ်တွေကြားမှာခံယူဖို့အသင့်ပါပဲ..
ကိုကို က ငါ့ကိုလက်ထပ်ဖို့အကြိမ်ကြိမ်ငြင်းဆန်နေခဲ့တာပါပဲ။

' daddy သေချာစဉ်းစားလေ ကျုပ်ကဒီလိုကောင်ကိုလက်ထပ်စရာလား..'

ငါ့ကို ဇာတ်လမ်းအစကထဲက မုန်းနေပြီလား ကိုကိုရယ်။
မျက်ထောင့်နီကာ လည်ပင်းကြောထောင်သည်ထိစိတ်တိုနေခဲ့သည့်
ခေတ်ရှိုင်းကိုကို သည် သူ့အဖေရှေ့တွင်မူမရှောင်ပဲကျွန်တော့်ကိုပုတ်ခတ်နေခဲ့သည်။

" ‌ခေတ်ရှိုင်းကိုကို..ငါးနှစ်ပဲမင်းတို့ကိုလက်ထပ်ပေးမှာ ပြီးရင်သူ့ကိုသူ့နေရာသူပြန်ပို့မှာ .. ငါတို့ရဲ့ ထိုင်းက ကိုယ်တော် ဖီး.."

အယူအရမ်းသီးသော ကိုကို့ရဲ့ဖေဖေဦးသက်ထွန်းဟာ ထိုင်းကဘိုးတော်‌တစ်ယောက်ရဲ့ယတြာတွေလုပ်ရင်း ကြီးပွားနေသည်ဟုသူကိုယ်တိုင်ယူဆနေခြင်းဖြစ်မည်။

" အဲ့ -ီးကောင်စကားကိုနားထောင်ပြီး ကျုပ်က ယောက်ျားချင်းလက်ထပ်ရမယ်ပေါ့.."

ကိုကို့အဖေရဲ့လက်သီးတစ်ချက်ဟာ ကိုကို့မျက်နှာသို့တိုက်ရိုက်ကျရောက်သွားလေပြီ။ ကျွန်တော်ဟာ လဲကျသွားတဲ့ ကိုကို့ဆီပြေးသွားကာ ထူခဲ့သော်လည်း။

" ဖယ်စမ်း.. မင်းအရှက်မရှိဘူးလား မင်းကိုဘယ်သူကငါ့အသားထိခိုင်းနေလို့လဲ ဟမ်.."

ကိုကိုရယ်.. ငါတို့က ချစ်သူ.. ဟင့်အင်းမဟုတ်ဘူး.. ငါတို့က  ငယ်သူငယ်ချင်းတွေလေ ကိုကိုရဲ့။

ဓူဝံငယ် လေးသည် ကျောင်းမတက်ခဲ့ရ။ သို့သော် ခေတ်ရှိုင်းကိုကိုတို့နှင့်ရင်းနှီးခဲ့ရသည်။ ငယ်ငယ်ကကိုကိုဟာ အရမ်းကြင်နာတတ်တာ..။အ‌ဖြူအစိမ်းဆိုတာလေးတွေဟာ ဓူဝံငယ်လေးတို့ဘ၀နှင့်မသက်ဆိုင်ခဲ့ပေ။
မနက်ပန်းရောင်းချိန်ဆိုလျှင် ‌ကိုကိုတို့ရဲ့ကားအဖြူရောင်လေး ဟာ မီးပွိုင့်မှာရပ်လာတတ်သည်။
မှတ်မိပါသေးသည်။ ပထမဆုံး‌ကိုကို့ကိုစတွေ့တဲ့နေ့က ကိုကိုဟာ သူ၏ဖေဖေ၏ဘေးတွင်လိုက်ပါလာသည်။ မီးပွိုင့်ရပ်တော့
ခရေပန်းလေးတွေကိုယူကာ ကိုကို့ကားဆီအပြေးလေးကပ်လာခဲ့သည်။ကားမှန်ကိုအသာခေါက်လျှက်..

My Husband Calls Me PoorKde žijí příběhy. Začni objevovat