part 7 dinner

418 19 0
                                    

" မင်းညီမက ဘာလာပြောနေတာလဲ.."

"ဟို..ဟိုလေ.."

" စောက်စကားကိုရှည်အောင်မလုပ်နဲ့ .. ပြောစရာရှိတာသာပြော.."

ကိုကို့အမိန့်အာဏာသံကိုကျွန်တော်မလွန်ဆန်နိုင်ပါဘူး။ ကိုကိုဟာ ကျွန်တော့်ဘ၀ကို ဘယ်တုန်းကမှမချုပ်ကိုင်ခဲ့ဖူးတဲ့ အမိန့်တွေနဲ့ပြန်လည်ချုပ်နှောင်နေခဲ့ပြီလေ။
သံယောဇဉ်နဲ့ကိုကို့ပေါ်ထားတဲ့ငါ့ရဲ့အချစ်ဆိုတာတွေသာမရှိတော့ရင် ငါမင်းကိုမုန်းပစ်လောက်တယ်ကိုကို။

" သူ..သူ ငွေလိုနေလို့ ငါ့ဆီလာတောင်းတာ ကိုကို.."

" မင်းကို ငါ့ဒယ်ဒီက ဘယ်လိုပြောထားတာ‌လဲ.."

"မင်းနဲ့လက်ထပ်ပြီး ၂လနေမှ ပိုက်ဆံအကုန်ပေးမယ်ဆိုပြီး ပြောထားတာပါ.."

"ဒါဆို မင်းဒီကိစ္စကိုဘယ်လိုလုပ်ချင်လဲ.."

ကိုကိုကအရမ်းမေးခွန်းသက်တယ်။ ငါကိုယ်တိုင်‌သာစာတတ်ပေတတ် ငွေရှာတတ်တဲ့လူတစ်ယောက်ဆိုလျှင်ငါဘာလို့အောက်ကျခံပြီးတောင်းပါ့မလဲကိုကိုရယ်။

"ငါမင်းကိုပြန်ဆပ်မှာပါကိုကို .. ဒီ ၂၅သိန်းကို ချေးဖြစ်အောင်ချေးပေးပါ ကျေးဇူးပြုပြီး.."

ခေတ်ရှိုင်း စားပွဲကိုဝုန်းခနဲ ထထုလျှက် ထိုင်နေရာမှထကာ အခန်းထဲ၀င်သွား၏။ ပြန်ထွက်လာတော့ ငွေထုတ်တွေကိုကိုင်လျှက်ဧည့်ခန်းမှာထိုင်နေတဲ့ ကြယ်လေးရဲ့မျက်နှာကို ပစ်ပေါက်သည်။ အရှိန်ပါတာကြောင့် နှာခေါင်းမှပင်သွေးများစီးကျလာတော့၏။
ခြေလှမ်းသွက်သွက်ဖြင့်ရောက်လာပြီး။

" ငါတမင်လုပ်တာမဟုတ်ဘူး အောက်ကိုချတာ မင်းကိုမှန်သွားတာ.."

တစ်ရှူးတစ်ခုကိုအိတ်ထဲမှာယူလျှက်ပေးပြီး ခေတ်ရှိုင်း က သူ့ဘေးမှာ၀င်ထိုင်လိုက်သည်။

" ရပါတယ် ကိုကို.. ငါကနေသားကျနေပါပြီ။ အခုကျနေတဲ့ဒီသွေးတွေက ငါ့ရင်ထဲက‌ဒဏ်ရာတွေနဲ့ယှဉ်ရင် ပါမွှားလေးပါ.."

"ကျစ်..မင်းအဆင်ပြေရဲ့လား.."

ကျွန်တော်ခေါင်းသာညိတ်ပြပြီး အဆက်မပြတ်ကျဆင်းနေသော နှာခေါင်းသွေးတို့ကိုဖိသုတ်နေမိတယ်။ နေလဲပူလို့ထင်ပါတယ် နှာခေါင်းသွေးပမာဏများသွားရဲ့။

My Husband Calls Me PoorWhere stories live. Discover now