part 8 ပြန်လည်နစ်၀င် 🔞

650 20 2
                                    

" အော် .. ဟို ကိုကိုပြောတဲ့ဆင်းရဲသားကောင်လေးလား..ခိခိ.."

ကိုကိုကျွန်တော့်ကိုခနမျှငဲ့ကြည့်တယ်။ ကိုကို့မျက်၀န်းမှာအနည်းငယ်တော့စိတ်မကောင်းဟန်ပေါ်‌သွားသည်။
ပြီးမှကျွန်တော့်ဆီမှမျက်နှာလွှဲလိုက်ကာ

" အော် ဒါနဲ့ ဟန်နီ အန်ကယ်တို့ရော.."

" ဖေဖေတို့က အထဲမှာလေ ကိုကိုရဲ့ လာ.."

ကျွန်တော်ကလက်တစ်ဖက်ကိုချိတ်။ ဟန်နီဆိုတဲ့ကောင်မလေးကလက်တစ်ဖက်ကိုချိတ်။
အင်းပေါ့လေ။ကိုကိုပြောသလိုအသိသက်သက်ပဲဖြစ်ပါစေပေါ့။
ကျွန်တော်လက်ကိုလွှတ်ချရန်လုပ်တော့။

"ဘာလုပ်တာလဲ..လူတွေအများကြီးကြားထဲမင်းတစ်ယောက်ထဲကျန်ခဲ့ချင်လို့လား.."

"မဟုတ်ပါဘူး..ကိုကို လူကြီးတွေနဲ့သွားတွေ့မှာဆို.."

"မင်းက ငါယူထားတဲ့ကောင်.. မင်းပါလိုက်ခဲ့ရမယ်.."

ကျွန်တော့်မျက်၀န်းတို့ကို ကိုကို စိုက်ကြည့်ပြီးပြောလိုက်တာပဲ။
ငါယူထားတဲ့ကောင်တဲ့။ ကိုကို့စကားကကြမ်းနေပေမဲ့ အဲ့တာ.. အဲ့တာ ပိုင်ရှင်လို့ပြောလိုက်တဲ့သဘောမလား။

ကျွန်တော်တွဲလျက်သားလိုက်ပါလာတော့ dinner စားပွဲအရှည်ကြီးကိုတွေ့လိုက်ရတယ်။
ထိုင်နေကြတာတွေအားလုံးကတော့ လူကြီး‌လူကောင်းတွေဖြစ်မည်။ ကိုကိုကတစ်ခုံထဲလွတ်သည့်နေရာတွင်မထိုင်။ နှစ်ခုံလွတ်တဲ့နေရာကိုတမင်ရွေးကာကျွန်တော့်ကိုသူ့ဘေးတွင်သာထိုင်စေသည်။

"မောင်ခေတ်ရှိုင်းတို့ .. မျက်နှာဖုံးတွေချွတ်ထားပါ ။ ပြီးလို့ ကချင်မှ မျက်နှာဖုံးပြန်၀တ်ကြ.. အခုစားကြမယ်.. နည်းနည်းပါးပါးတော့သောက်တတ်တယ်မလား လူလေး.."

"ဟုတ်ကဲ့ ကျွန်တော် သောက်တတ်ပါတယ် အန်ကယ်..ဒါပေမဲ့ သူကတော့.."

ကိုကိုကကျွန်တော့်ကိုလက်ညှိုးထိုးကြကာ ပြောမည်အပြုမှာပဲ အဲ့အန်ကယ်ကြီးဘက်ကစကားသံတစ်ခုပြန်ရောက်လာသည်။

" မသောက်လို့မရဘူးနော် မောင်ခေတ်ရှိုင်း အဟား.. ဒီလိုပွဲမျိုး ဒီလိုဝိုင်းမျိုးမှာမှ မသောက်ရင် ယဉ်ကျေးမှုမရှိရာကျတယ်.."

My Husband Calls Me PoorWhere stories live. Discover now