part 11

250 16 1
                                    

စကားပြောနေကြရင်း အနောက်တစ်ဝိုင်းကျော်မှ ရင်းနှီးသော ချောင်းဟန့်သံတစ်ခုကြောင့် ဓူဝံ လှည့်ကြည့်မိသည်။ အဒေါ်ကြီးတစ်ယောက်နှင့်ဦးကြီးတစ်ယောက်ကိုမသဲမကွဲမြင်ရ၏။
ထင်ယောင်ထင်မှားဖြစ်မှာပါ တွေးကာ ရှင်းမြတ်ရဲ့စကားမှာသာအာရုံစိုက်လိုက်သည်။

"သူ့အမေ ဘယ်လိုဆုံးတာလဲ ညီလေးသိလား.."

"ဟင့်အင်း ကိုရှင်းမြတ်.. သူ့မေမေက ကျွန်တော်နဲ့သူမတွေ့ခင်ကတည်းကဆုံးတာမလား.."

"ဟုတ်တယ် အတော်ကြာပြီ.. ခေတ်ရှိုင်းက အမေကိုအရမ်းချစ်တဲ့အမေချစ်သားတစ်ယောက်ဖြစ်ခဲ့တာ.. သူ့အမေကိုမကောင်းပြောတာပါမကြိုက်.. သူ့အမေနဲ့ငြိလာခဲ့ရင် အဖေကိုပါပြန်အာခံတဲ့ကောင်.."

ဘာစကားမှမပြောပဲ အာရုံနှစ်ထားတဲ့ ဓူဝံလေးမှာ ကလေးလေးတစ်ယောက်လိုပင်။ ရှင်းမြတ်ဆီက ထွက်လာသမျှစကားလုံးတွေကိုဖမ်းယူမှတ်သားနေသည်။ သူတကယ်ကို ကိုကို့ဆီကပြန်အချစ်ခံချင်၏။

" တစ်နေ့.. ဦးသက်ထွန်း အလုပ်သွားနေတုန်း.. ခြံစောင့်ဦးလေးကြီးက ဒေါ်မေသီကို ဆေးခတ်ခဲ့တယ်လို့ပြောတယ်.."

"ဟင်..."

အံအားသင့်သွားတဲ့ ဓူဝံလေးကနားလေးစွင့်လျှက်ဘာဆက်ဖြစ်မယ်ကိုသာမျှော်နေသည်။

"ဟုတ်တယ် .. အဲ့လူကြီးက အရမ်းဆင်းရဲတယ် .. သူ့ရဲ့သားတက္ကသိုလ်ထားနိုင်ဖို့အတွက် သူပိုက်ဆံအရမ်းလိုနေတော့ လုပ်မိတာလို့ ၀င်ခံတယ်.. အဲ့လူကြီးက ဒေါ်မေသီကို ဆေးခတ်ပြီး တစ်အိမ်လုံးကိုပိုက်ဆံလိုက်ရှာတယ်.. ပိုက်ဆံလဲမတွေ့ရော.. ဒေါ်မေသီရဲ့ မဟုတ်ကဟုတ်ကပုံတွေပေါ့ကွာ အဲ့လူကြီးကပါရောရိုက်ထားတယ်လို့ပြောတယ်.. အဲ့တာတွေကို သူ့ဖုန်းအစုတ်လေးနဲ့ရိုက်တယ်.. ပြဿနာက အဲ့ကစတာပဲ.."

"ကိုကိုကရော..ကိုကိုဘယ်မှာလဲ.."

" မင်းရဲ့ ကိုကိုက အဲ့နေ့ကကျောင်းမသွားချင်လို့ ဂျီကျခဲ့တယ်တဲ့..ဒါမဲ့ ဦးသက်ထွန်းက စာမေးပွဲနီးပြီမို့ရိုက်တောင်လွှတ်လိုက်သေးတာ.."

"......"

ပြန်တိတ်ဆိတ်သွား ပြီး မျက်နှာပျက်သွားသော ဓူဝံလေးကို ကြည့်လျှက် ရှင်းပြနေတဲ့ ရှင်းမြတ်ကို မင်းထက်ကမေးငေါ့ပြသည်။

My Husband Calls Me PoorWhere stories live. Discover now