Part - 2

453 17 0
                                    

စံပယ်ပန်းလေးတွေရဲ့အဓိပ္ပာယ်က
"မင်းကိုချစ်တယ် ဒါပေမဲ့ ငါ့မာနကိုပိုချစ်တယ်"တဲ့လေ
စောဓူဝံဆိုတဲ့ ကျွန်တော်ကတော့ ကိုကို့အပြုံးအောက်မှာ မာနဆိုတဲ့အရာတွေ‌ချိုးနှိမ်ထားဆဲပါကိုကို။
_____________________________
မောင်ခေတ်ရှိုင်းကိုကို (BE) + မောင်စောဓူဝံငယ်
  
               တို့၏ မင်္ဂလာ ဧည့်ခံပွဲ
၂၇.၇.၂၀၂၂ / ဧည့်ရိပ်မြိုင်ဟော်တယ်ခန်းမ..

ခန်းမကြီးထဲတွင် လူပေါင်းစုံကိုတွေ့နေရသည်။
လူကြီး လူငယ် လူလတ် အသက်အရွယ်မရွေး ဖိတ်ကြားထားသမျှဟာ ကျောက်ပွဲစားကြီး ဦးသက်ထွန်းရဲ့ သား ခေတ်ရှိုင်းကိုကိုနှင့် စောဓူဝံငယ်ဆိုတဲ့ ကောင်လေးရဲ့ မင်္ဂလာပွဲကိုတက်ရောက်လာကြသည်။
တရုတ်ကြီးတွေတောင်ပါသည်ထင်၏။ လူပေါင်းစုံတက်ရောက်ကြပေမဲ့ အားလုံးဟာ အထက်တန်းစားတွေဆိုတာ
ဓူဝံလေး မပြောပြလဲ ကြည့်သည်နှင့်သိ၏။

ကိုကို့ဘက်ကိုကြည့်မိတော့ ကိုကို၏ မျက်နှာထားမှာ အလွန်တင်းမာနေလျက်သား။ ငါကိုကို့ကိုကြောက်တယ်။
ကိုကိုက "ဆင်းရဲသားတွေကိုကြည့်မရဘူး"တဲ့ ငါ့ကိုပြောဖူးတယ်။
ဘယ်လိုစိတ်ဓာတ်မျိုးက ကိုကို့ကိုပြောင်းလဲစေခဲ့တာလဲ ကိုကိုရယ်။

"သား ခေတ်ရှိုင်းကိုကို .. daddyနဲ့ ဓာတ်ပုံရိုက်မယ် လာခဲ့အုန်း.."

"ကျစ်..ဒီအဘိုးကြီး တစ်မျိုးပြီးတစ်မျိုးမရိုးရဘူး "

ဆောင့်ကန်ကန်ပြန်ထွက်သွားတဲ့ ကိုကို က ဒီတစ်ခါကျကလေးလေးအတိုင်းပါပဲလား။ အမူအရာတိုင်းက ငါ့ရင်မှာမြတ်နိုးနေရပါလားကိုကိုရယ်။

"သား ဓူဝံ‌လေး လာလေ အတူတူရိုက်မယ်.."

" ဟ daddy ကျုပ်က သူ့လိုဆင်းရဲသားနဲ့ ပုံအတူတူတွဲရိုက်စရာလား.."

ဟင်..လူကြားထဲမှာ ကိုကိုက ငါ့ကိုဆင်းရဲသားတဲ့လား။
ကိုကို..ငါ့အပေါ်လုံး၀ပဲမေတ္တာမရှိတော့တာလားဟင်..
ဘေးဝိုင်းက လူတွေအားလုံးဟာ စင်ပေါ်မှာရပ်နေတဲ့ကျွန်တော့်ရဲ့ ပုံစံကိုကြည့်ပြီး တီးတိုး ပြောဆိုနေကြတယ်။
ကျွန်တော် ထွက်မပြေးမိပါဘူး။ ဘာလို့ဆို ငါထွက်ပြေးရင် ကိုကို က ငါ့ကိုပိုမုန်းသွားမှာလေ။

My Husband Calls Me PoorWhere stories live. Discover now