part 9 ✨

388 15 2
                                    

ဒီမနက်အစောကြီးနိုးနေတာပဲ။ အပြင်ဘက်ကအလင်းမြင်ရမဲ့နေရာကိုလှမ်းကြည့်မိတော့ စောနေသေးမှန်းသတိရလိုက်၏။
ပြန်အိပ်ဖို့ကလည်း ကိုကို နှိုးရင်တိုင်ပတ်အုန်းမယ်။ ဟိုတစ်ခါကလို ရေနဲ့လောင်းနှိုးရင်ဒုက္ခ..။ဒါနဲ့ အောက်ကတစ်ခုခုခံနေသလိုပဲ။

မပွင့်သေးသောမျက်၀န်းတို့အားအတင်းဖြဲ၍ ကြည့်လိုက်တော့။

"အ...."

အားလို့အော်မိမတတ်ပါပဲ။ကိုကိုသာနိုးလာရင်ငါသေပြီ။
ကိုကို့ရဲ့အိပ်ရာပေါ်ငါဘယ်လိုရောက်နေတာလဲ။ ဟာ မနေ့ညကဘာဖြစ်သွားတာလဲ။ ပြန်ထပြီးအောက်မှာသွားအိပ်မှဖြစ်မည်။

လက်မောင်းပေါ်ခေါင်းတင်ထားရသော ဓူဝံလေးသည် ကိုကို့မျက်နှာကိုမော့ကြည့်ကာအပန်းဖြေလိုက်ရသေးသည်။
ထရန်အပြုမှသတိထားမိတာ သူ၏အ၀တ်အစား။ ကိုကို့်မှာလဲအ၀တ်မပါ။ စောင်ထဲကြည့်မိတော့ အိုးမိုင်ဂေါ့..။
ညကတကယ်ပဲသူကိုကို့ကိုလုပ်ကြံမိတာလားလို့တွေးမိသည်။
ကုန်းကွထလိုက်ပေမဲ့ ခါးကိုတင်းကြပ်စွာဖက်ထားသောကိုကို့ညာဘက်လက်ကြောင့်ထမရသေး။
အတင်းရုန်းကာမှ ကိုကို့လက်ကလွတ်တော့သည်။ အဲ့တာတောင် ကိုကိုကမနိုးချေ။

" ကိုကိုညက dinner မှာပင်ပန်းသွားတယ်ထင်တယ်.."

အရင်ဆုံးမျက်နှာသစ်။ သွားတိုက်။ ဘာမျှမပါတဲ့ခန္ဓာကိုယ်ကို အ၀တ်၀တ်ပြီး ကိုကို့တွက်ထမင်းချက်ရန်ပြင်ရသည်။ဒီနေ့တော့အချိန်မှီသည်။ သို့သော် ခေါင်းကိုက်နေ၏။
ညကအရက်သောက်မိတာကိုး။ 

"အာ့..ငါ့ဖင်.."

"သေလိုက်ပါတော့ စောဓူဝံငယ်ရာ..စပ်လိုက်တာ.."

ပေါင်ကွတကွတဖြင့် မီးဖို၀င်ရန် ပြင်ရတော့၏။မိန်းမသားမဟုတ်ပေမဲ့ အချက်အပြုတ်တော်သည်မို့ ဟိုတစ်နေ့ကကိုကိုမစားတဲ့ဟင်းတွေကိုစားပြီး ဦးသက်ထွန်းကတော့ချီးကျူးနေလေရဲ့။  ပြုံးစိစိဖြင့် ကိုကိုစားရင်ကောင်းမှာပဲဆိုတဲ့အတွေးလေးကိုမနက်ခင်းမှာစတင်လိုက်သည်။

"သား လူလေး..ဓူဝံ.."

အနောက်မှခေါ်သံကြား‌လို့လှည့်ကြည့်တော့ဦးသက်ထွန်းကိုတွေ့လိုက်ရသည်။ မနက်စောနေသေး၍အံ့ဩနေဟန်။

My Husband Calls Me PoorWhere stories live. Discover now