part 6 ၀န်ခံအချစ်

375 19 0
                                    

ကိုကိုပေးတဲ့စက်ဘီးလေးကိုကျွန်တော်အလွန်နှစ်သက်သည်။
ပန်းလေးတွေကိုင်ရင်းလမ်းလျှောက်ခဲ့ရတဲ့ဘ၀ကနေ ကိုကိုပေးတဲ့စက်ဘီးလေးကိုယိုင်တိုင်တိုင်စီးရင်း ပန်းရောင်းလာနိုင်ပြီ။
ကိုကို့ကျေးဇူးတွေကမနည်းပါလား။
လပ်ကီးလေးကငယ်သေးတော့ အိမ်မှာပဲ ဟင်းနယ် ထမင်းနဲ့ အပေါက်ပိတ်ပြီးထားခဲ့တယ်။ မခေါ်လာချင်သေးဘူး ။ သူလေးနဲ့လမ်းမကြီးမရင်းနှီးသေးဘူးလေ။

ကိုကိုနဲ့ ကိုကို့ဖေဖေကားကို ကျောင်းဖွင့်ရက်‌တိုင်းတွေ့ရတယ်။
တစ်ခါတစ်ခါကျ ကိုကိုကလက်ပြနှုတ်ဆက်သွားတယ်။ တစ်ခါတလေကျရင်တော့ အပြုံးလေးနဲ့ပေါ့..။ ရူးသွပ်ရပါတယ်ကိုကိုရယ်။

ပန်းလေးတွေကုန်တာနဲ့ အိမ်ကိုပြန်တယ်။ ကိုကိုတို့လာမလားလို့မျှော်ရတာပေါ့။

တစ်နေ့မတွေ့ရရင် ရက်တစ်ရာဝေးကွာနေသလိုပါပဲလားဗျာ။ ကျွန်တော့်ကိုစိုးမိုးနိုင်လိုက်တာ..။
တစ်နေ့ ကိုကိုနှစ်ရက်တောင်မလာခဲ့ပါ..။

"ကိုကိုဘာတွေလုပ်နေလဲသိလားဟင် လပ်ကီး.."

"ဝု..."

"ကိုကိုငါ့ကိုနှစ်ရက်တောင်ပစ်ထားတယ် သိလား.."

လပ်ကီးလေးကညည်းပြသည်။ လပ်ကီးလေးတောင် နှစ်လလောက်ရောက်ပြီလေ။ ဟိုသွားဒီသွားးလုံးတုံးတုံးဖြင့်ချစ်ဖို့ကောင်းနေတုန်းပင်။

"ဟေ့...ဓူဝံငယ်.."

အိမ်ရှေ့ကအော်ခေါ်သံကြောင့်..ဓူဝံခေါင်းမော့ကာကြည့်မိသည်။
အသံကတော့ဒေါ်တုတ်ရဲ့သားအသံပင်။

"ဟျောင့်..ဓူဝံငယ် တံခါးလာဖွင့်အုန်း.."

"ဗျာ..အော်..ဟုတ်..ဟုတ်ကဲ့ဗျ.."

ခြံထဲပြေးအထွက်မှာ ခြံထဲ၌ပင် အရက်နံ့ကတစ်ထောင်းထောင်း။
နှာခေါင်းပင်ပိတ်ထားမိပါသေးသည်။ မျက်စောင်းတစ်ချက်ထိုးကြည့်ကာ

" ပြော အကိုတာ ဘာကိစ္စလဲ..အရက်နံ့ကလဲ နံစော်နေတာပဲ.."

"မင်းအပူလား ငါ့ငါနံတာ.. အေ့.. မင်း မင်းညီမတွေရော.."

"၀တီက ‌ကျူရှင်သွားတယ်.. နိုးနိုးလေးက ကိုလှသောင်းတို့ဘုရားပွဲဈေးကိုလိုက်ပို့တယ်  ဘာလို့လဲ.."

My Husband Calls Me PoorWhere stories live. Discover now