part 10 အတူတကွခရီး 🦋

244 12 1
                                    

နေရာရောက်လို့ကားပေါ်ကဆင်းဆင်းချင်းဖြစ်၏။ ကိုကောင်းကအထုပ်တွေချနေသော ဓူဝံလေးနားကပ်လာကာ။

" ငယ်.."

"ဗျာ ကိုကောင်း.."

" ငယ် ခေတ်ရှိုင်းနဲ့တွဲနေတယ်ဆိုတာ.."

"ဟုတ်တယ် ကိုကောင်း။ ကျွန်တော် ကိုကိုနဲ့တွဲနေတာ.."

ခပ်တည်တည်ပါပဲ ကိုကောင်း ရဲ့စကားတွေကိုစက္ကန့်မခြားပြန်ဖြေပေးလိုက်သည်။ ကိုကောင်းကတော့ စိတ်အဆင်မပြေ‌ဖြစ်နေပုံပေါ်၏။ ဇွဲကပင်တောင်ဆီအလာခရီးတစ်လမ်းလုံး ညှင်းသိုးသိုးသာ။ တောင်တက်ကာနီးမေးလာသော စကားတွေဟာ ခေတ်ရှိုင်းကိုမနာ‌လိုနေပုံဖြစ်သည်။

" ကိုယ် မင်းကိုချစ်တယ်လို့အရင်ပြောတာနော် ငယ်.."

"ဟင့်အင်း ကိုကောင်း.. ကိုကိုက ကိုတာနဲ့ပြသနာဖြစ်တဲ့နေ့ကထဲကပြောတာ.."

"ဟင်.."

တစ်ကယ်ကကိုကောင်းကိုအသိမပေးဖြစ်ပေ။သူကလည်းမမေးသလို သူချစ်တယ်ပြောတုန်းကလဲပြောပြီးတန်းထွက်သွားခဲ့သည်။
အခုနောက်ကျသလိုမျက်နှာထားဟာ ကိုကောင်းမျက်နှာပြင်တွင်ဆင်မြန်းထား၏။

‌ရောက်ချိန် တန်းမတက်ပဲ အနားယူရန်ဟိုတယ်တစ်ခုမှာ အခန်းပြင်ပေးသည်။ ဦးသက်ထွန်းက ခေတ်ရှိုင်းနှင့်အတူအိပ်ချင်ပေမဲ့ ခေတ်ရှိုင်းက ခပ်တိုးတိုးပူဆာတာကြောင့် နှစ်ယောက်ခန်းတစ်ခန်းကို ဓူဝံလေးနှင့်ခေတ်ရှိုင်းကိုယူစေ၏။ ကောင်းရာစံနှင့်ဒေါ်မူယာတို့မှာတစ်ခန်း။ မင်းထက်နှင့်ရှင်းမြတ်တို့မှာ တစ်ခန်း ။ ဦးသက်ထွန်း ကတော့ ဓူ၀ံလေး ရဲ့ ညီမလေးတွေနှင့် အတူအိပ်ရတော့သည်။တန်းမတက်ပဲ အနားယူရန်ဟိုတယ်တစ်ခုမှာ အခန်းပြင်ပေးသည်။ ဦးသက်ထွန်းက ခေတ်ရှိုင်းနှင့်အတူအိပ်ချင်ပေမဲ့ ခေတ်ရှိုင်းက ခပ်တိုးတိုးပူဆာတာကြောင့် နှစ်ယောက်ခန်းတစ်ခန်းကို ဓူဝံလေးနှင့်ခေတ်ရှိုင်းကိုယူစေ၏။ ကောင်းရာစံနှင့်ဒေါ်မူယာတို့မှာတစ်ခန်း။ မင်းထက်နှင့်ရှင်းမြတ်တို့မှာ တစ်ခန်း ။ ဦးသက်ထွန်း ကတော့ ဓူ၀ံလေး ရဲ့ ညီမလေးတွေနှင့် အတူအိပ်ရတော့သည်။

My Husband Calls Me PoorWhere stories live. Discover now