part 5 နာကျင်မှု

385 16 2
                                    

" ကိုကို...ကိုကို.."

ခေတ်ရှိုင်းနိုးလာတော့ ငိုရင်းနဲ့ကယောင်ကတမ်းအော်နေတယ်။

အသားတွေကနီရဲရဲလေးဖြစ်နေပြီး အိပ်ရင်းနဲ့ငိုကြွေးနေတဲ့ကြယ်ငယ်လေးမှာဘာအမှားများရှိခဲ့လို့ဒီလောက်ထိမုန်းနေရတာလဲမသိ။

အချိန်ကြည့်တော့ မနက်7နာရီခွဲပြီ..
ခေတ်ရှိုင်းကုတင်ပေါ်ကဆင်းလိုက်ပြီး ဓူဝံလေးကို နှိုးမှရတော့မယ်လေ။
အိပ်ပုပ်ကြီးနေလိုက်တဲ့ ဆင်းရဲသားလေး။ ဟုပင် ရေရွတ်မိ၏။

"ဟျောင့်..ဟျောင့် စောဓူဝံငယ် "

ခေတ်ရှိုင်းက ခြေနဲ့ဖွဖွကန်ကာ နှိုးသည်။ လူးလိမ့်ပြီးငိုတာမရပ်တဲ့ကြယ်ငယ်လေးက ခေတ်ရှိုင်းရဲ့ ခြေသလုံးကို ဖက်ကိုင်လိုက်ပြီး ။

"ထွက်မသွားပါနဲ့ ကိုကိုရယ်.. ငါ့ကိုမရက်စက်ပါနဲ့နော်..ငါကြောက်လို့ပါ..ငါအရမ်းကြောက်လို့ပါနော် ကိုကို.."

"ကျစ်..ဒီကောင်ကတော့.."

လက်ထဲကခြေထောက်အားအတင်းခွာယူကာ ခွက်လေးထဲသို့ရေအပြည့်ထည့်၏။
အနားသို့ရောက်တာနဲ့ ခေတ်ရှိုင်းသည် ခွက်ထဲမှရေများအား ဓူဝံလေးရဲ့မျက်နှာပေါ်သို့လောင်းချလိုက်သည်။
ရေမွန်းကြပ်သွားတဲ့ကလေးငယ်ခမျာ အလန့်တကြားနဲ့ငုတ်တုတ်ထထိုင်ရတော့၏။
မျက်နှာမှရေတွေကို သုတ်ချရင်း အနားမှာရှိနေတဲ့ခေတ်ရှိုင်းကို
မော့ကြည့်သည်။

"ဟင်..ကိုကို..အဟွတ်..ရေ..ရေနဲ့လောင်းလိုက်တာလား.."

"ဟုတ်တယ်.. ဒီချိန်ထိအိပ်နေရအောင် မင်းကိုယ်မင်းလူလွတ်ထင်နေလား.."

"မ..မဟုတ်ပါဘူး ကိုကိုရာ..အဟွတ်.."

"စောက်စကားရှည်မနေနဲ့..သွား ထမင်းသွားချက်ချည် ပြီးရင် ရေချိုးခန်းထဲကပုံးထဲမှာ ငါ့အ၀တ်တွေရှိတယ် တစ်ခါထဲလျှော် .."

သူ့ပုံစံကရေမွန်းသွားတဲ့ကြွက်လေးတစ်ကောင်လိုပဲ။ ချောင်းဆိုးတာမရပ်တော့ဘူး။
မတ်တပ်ရပ်လာပြီးဖျာတွေကိုတော့သိမ်းသွားသေးတယ်။
ဘယ်ဆိုးလို့လဲဆင်ရဲသားကစည်းကမ်းတော့ရှိသား။ ဟုထပ်မံရေရွတ်မိ၏။

My Husband Calls Me PoorWhere stories live. Discover now