Part- 3 အတိတ်ဒဏ်

371 15 3
                                    

"ဟာ..ဟင်းတွေအများကြီးပဲ မမ၀တီ ရယ်.."

လက်ထဲကအထုပ်တွေကို ကြည့်ပြီး နိုးနိုးလေးက အော်ပြန်တယ်။
သူလေးက အစားမက်တော့ ဟင်းများလေ သူပျော်လေပဲပေါ့။

" ကိုကိုကြီးတစ်ယောက်လဲပါလာတာပဲ .."

၀တီလေးက ‌တခြားတစ်ယောက်ပါလာတယ်ဆိုမှ ဖတ်လက်စစာအုပ်လေးကိုချပြီး ယိုရွဲ့‌ နေတဲ့ပြတင်းပေါက်ကလေးကနေခေါင်းလေးထွက်ကြည့်သည်။
အနေအေးသူပီပီဘာစကားမှမပြောပဲပြန်၀င်သွား၏။
ကိုကိုကတော့ နိုးနိုးလေးကို အူယားနေသည်။

"နိုးနိုးလေး ခွက်တွေ ပန်းကန် တွေ ယူခဲ့လေ .. ဗိုက်ဆာနေပြီမလား.."

"ဟုတ် ကိုကြီးစော.."

ကိုကိုက ၀တီလေး ခေါင်းကို ဖွဖွပုတ်လိုက်လျှက်..

"ညီမငယ်လေး.. အသက်ဘယ်လောက်လဲ.."

"ကျွန်မက 12နှစ်ပါ အကို.."

"အော် ကိုယ့်ထက် ၃နှစ်ပဲငယ်တာပဲ..စာကြိုးစားနော် ကလေး.. ကိုကြီးက ပင်ပင်ပန်းပန်း ကျောင်းထားပေးရတာသိတယ်မလား.."

"ဟုတ် အကို ကျွန်မ က အကို့ကိုပြန်လုပ်ကျွေးမှာပါ.."

"လိမ္မာတယ် ကလေးလေးတွေက.."

နိုးနိုးလေးက ပန်းကန်လေးတွေယူလာတော့ ကိုကိုက ဟင်းတွေကိုလက်လွှဲယူပြီး သူကိုယ်တိုင် ပန်းကန်လေးတွေထဲထည့်ပေးတယ်။

"ဟင် ညီမလေး ပန်းကန်တစ်ချပ်လိုသေးတယ်လေ.."

"ရှင်.."

နိုးနိုးလေးက ကြောင်နနလေး ပြန်ကြည့်နေ၏။
ကိုကိုက အဟက် ကနဲ ‌ရယ်ကာ ပြုံးရွင်နေလျှက်..

" အကိုရော စားမယ်လေကွာ..ဘာလဲ အကို့ကို မကျွေးချင်ဘူးလား.."

"အာ ဟုတ်ပါဘူး အကိုကြီးရဲ့ .. ဟီးး ဟို..သမီးတို့အိမ်မှာပန်းကန်ကလူအကိုက်ပဲထားတာမလို့လေ..အဲ့တာ.."

‌နိုးနိုးလေးပြောမှပဲ ဓူဝံ သတိထားမိသည်။
အားနာစရာတွေတော့ဖြစ်ကုန်ပြီထင်တယ်။
ထမင်းစားတဲ့ပန်းကန်က သုံးချပ်ပဲရှိတယ်..။

"ဟုတ်လား..ရတယ်လေ..ဒါဆို ကိုယ့်ရဲ့ကြယ်လေးက ကိုယ့်ကိုခွံ့ကျွေးပေါ့.."

My Husband Calls Me PoorWhere stories live. Discover now