part 12 🔥

206 10 0
                                    

ထိုခပ်စွာစွာကောင်လေးကကန်တော့အပြီး ဖျာလေးပေါ်ကိုလှဲလျောင်းသွားသည်။လက်လေးကိုခေါင်းခု‌လျှက် အိပ်စက်ဖို့ပြင်နေသော ဓူဝံလေးအား အနောက်ကခပ်တိုးတိုးချောင်းဟန့်သံဖြင့်အတူအသံတစ်ခုပါထွက်ပေါ်လာ၏။

"ကြမ်းပြင်ကအေးတယ်.. ငါနဲ့အတူအိပ်ချင်အိပ်.."

ထိုစကားဟာကျွန်တော်မျှော်လင့်မိတဲ့စကားပါပဲ။ ကိုကို့ထံမှ လိုလိုလားလား ခေါ်ဆိုမှုကိုဒီညပြန်ရခဲ့ပြီ။ ဒီလောက်ဆို ကိုကိုကျွန်တော့်ကိုမမုန်းလောက်သေးပါဘူး။

"ကိုကို မင်းတကယ်ပြောနေတာလား.."

မျက်၀န်းဝိုင်းစက်စက်လေးတို့က အားကိုးတကြီးကြည့်လာတာကို ခေတ်ရှိုင်းမနေတတ်။ တစ်ညတာခံစားမှုလား မသိပေမဲ့ ထိုအရာဟာ ခေတ်ရှိုင်း၏ ရင်ထဲ၌တစ်မျိုးတော့တစ်မျိုးပင်။ ထူးဆန်းနေသည်။

"ဟုတ်တယ်လေ ဆင်းရဲသားရဲ့.. ငါစိတ်မပြောင်းခင် တက်ခဲ့တော့.."

"လာပြီ လာပြီ ကိုကို.."

ပြာပြာသလဲဖြင့် ဖုန်ခါလျှက် ကုတင်ပေါ်တက်လိုက်တော့ ကိုကိုကချက်ချင်းပင်ကျောပေးသွားသည်။
ကိုကို့ရဲ့ကြီးမာတဲ့ကျောပြင်ကျယ်ကိုလက်ဖြင့် တို့ ပင် မတို့ရဲ..။
အဖြူရောင်တီရှပ်ကို၀တ်ဆင်ထားသော ကိုကို့ရဲ့ကျောပြင်ကအစငေးမောစရာပါလား။
ဘယ်ဘ၀က၀ဋ်ကြွေးပါလဲကိုကိုရယ်။ နီးလျှက်နဲ့ဝေးနေသလိုပေါ့။

ထိုညက ကျွန်တော်ဝောာ်တော်နဲ့မအိပ်ဖြစ်ခဲ့ပါဘူး။ အအိပ်မက်တဲ့ကိုကိုမလို့ ကျွန်တော်ဖက်ချင် နေတဲ့ကိုကို့ရဲ့ခါးကို ကိုကိုအိပ်ပျော်တဲ့ချိန်အခွင့်ကောင်းယူဖက်ဖို့ကြံနေခဲ့ရတယ်လေ။

တကယ်လဲဖက်ကြည့်လိုက်ရော။ ဘယ်လောက်တောင် နွေးထွေးလိုက်သလဲ။ ကိုကို့ရဲ့ကိုယ်ခန္ဓာ ဟာ နွေးထွေးမှုပေါင်းများစွာကိုပေးစွမ်းနိုင်တယ်။

"ကိုကိုရယ်..ကိုကိုသာ ငါ့ကိုချစ်ရင် သိပ်ကောင်းမှာပဲ.."

နံရံကိုမျက်နှာပေးကာ စိတ်လှုပ်ရှား‌နေသော ခေတ်ရှိုင်းတစ်ယောက်မျက်၀န်းတို့မှ မျက်ရည်စလေးတွေဝဲနေတာကိုကိုယ်တိုင်သတိထားမိခဲ့ပါရဲ့။ ခါးမှ ပတ်တီးလေးနှင့်လက်သွယ်သွယ်ကိုတော့သူမဖြုတ်ရက်ပေ။

My Husband Calls Me PoorWhere stories live. Discover now