part 4 အတိတ်ကသူ၏ကြင်နာမှု

344 15 0
                                    

ကိုကိုနဲ့အတူတူအိပ်ရမယ်ထင်နေခဲ့တာ‌‌။
ဒါပေမဲ့လည်း ကိုကို က အရင်လိုမှမဟုတ်တော့ပဲလေ။
ငါ့ရဲ့စိတ်နဲ့ခန္ဓာဟာ ကိုကို့အပေါ်ပဲသက်ဆိုင်တာမလို့
ကိုကိုဘယ်လောက်ပြောင်းလဲနေပါစေ ငါချစ်နေမယ်ကိုကို။

ကိုကိုဟာ ၀ရံတာမှ အတွင်းသို့ ပြန်၀င်လာတယ်။
သူ့ကုတင်ပေါ်ကိုတက်သွားပြီး နံရံကိုမျက်နှာမူပြီးအိပ်သွားတယ်ထင်ပါရဲ့။
ကျွန်တော်ကတော့ အောက်က ကြမ်းပြင်ပေါ်အိပ်ဖို့နေရာရှာရအုန်းမယ်။

ကျွန်တော် ကိုကို့ခြေရင်းမှမတ်တပ်ထရပ်လိုက်ပြီး လိုက်ရှာကြည့်တော့ ဖျာနှစ်ချပ်ကိုသွားတွေ့တယ်။ စာအုပ်စင်အောက်မှာထိုးထားတယ်လေ။ အဲ့တာလေးက ကျွန်တော့်ရဲ့ပထမဆုံးမွေးနေ့လေးမှာ ကိုကိုယူလာခဲ့တဲ့ဟာလေးမလား။ ခုချိန်ထိသိမ်းထားပေးတာပဲ ကိုကိုက။ ငါအိပ်လို့ရတာပေါ့။
ဒါ‌မဲ့ ကိုကိုကယူတာကြိုက်ပါ့မလား။

" အဲ့ဖျာခင်းအိပ် ။ မင်းမှာလက်ပါတယ်မလား။ လက်နဲ့ခေါင်းအုံး.."

စဉ်းစားနေရင်းမှာပဲ ကိုကိုက လှည့်မကြည့်ပဲ စကားဆိုလာ၏။
ကိုကိုကဂရုစိုက်တယ်လို့ခံစားမိတိုင်းနွေးထွေးရပါတယ် ကိုကိုရယ်။

ကျွန်တော်အောက်ကြမ်းပြင်မှ ကိုကို့ကျောပြင်ကို ကြည့်နေမိတယ်။
ကိုကို့ကျောပြင်ကိုသာငေးနေရတာ ဘယ်လောက်ကြာပြီလဲ။
တကယ်တမ်းကျွန်တော်တို့ မတွေ့ရတော့တာ ၇နှစ်ကျော်ခဲ့ပြီ။
အရင်က ကိုကို့ရဲ့အပြုံးကိုသာ အခုပြန်မြင်ရရင် ကျွန်တော်ဘယ်လောက်တောင်၀မ်းသာလိုက်မလဲ။ ပြီးတော့ ကိုကိုအခုလိုရုတ်တရက်ပြောင်းလဲသွားရတဲ့ အဓိကအကြောင်းအရင်းကရော ဘာတဲ့လဲ။
____________________________
"နိုးနိုးလေးရေ.."

"ဟာ ကိုကြီးခေတ်ရှိုင်း..အိမ်လာတာလား.."

နိုးနိုးလေး က ကိုကိုလို့ခေါ်ချင်ပေမဲ့ မနာလိုသ၀န်တိုသော မောင်စောဓူဝံတို့ရဲ့တားမြစ်မှုကြောင့် ကိုကြီးခေတ်ရှိုင်းလို့သာခေါ်ရ၏။
အိမ်ခြံ၀မှလှမ်းခေါ်သော ကိုကို့ကို နိုးနိုးလေးက တန်းနှုတ်ဆက်၏။
ကျောင်းပိတ်ရက်ဖြစ်၍ ကိုကိုသည်လည်း အလည်လာတတ်သည်။
ကျွန်တော်ကတော့ ထမင်းချက်ဖို့ထင်းပျိုးနေတုန်းပင်။

My Husband Calls Me PoorWhere stories live. Discover now