Part 14 💫

268 12 1
                                    

"အကိုတို့ စုံစမ်းခဲ့ပြီးပြီ ဓူဝံ.."

ကိုမင်းထက်နဲ့ကိုရှင်းမြတ်သည် ငေးငိုင်ကာထိုင်နေသောဓူဝံလေး၏ဘေးသို့လာကာ
ပုခုံးဖက်နှစ်သိမ့်ပေးလျှက် စကားစဆိုလာသည်။
ပန်းရောင်ဂါ၀န်လေးကိုထွေးပိုက်ကာ မျက်ရည်စကြီးငယ် ပိုးပိုးပေါက်ပေါက်ကျနေသော ကြယ်လေးတစ်စင်းကိုနှစ်သိမ့်နိုင်ဖို့ဟာ အလွန်ခက်ခဲမည်ပင်။

" ကလေးက .. ကလေးက.."

မင်းထက်ကပြောဖို့အားခဲနေသောကြောင့် ရှင်းမြတ်ကပဲ မင်းထက်ကိုတားလိုက်ကာ သူကိုယ်တိုင် ဓူဝံလေးရဲ့အရှေ့မှာထိုင်၍

" နိုးနိုးလေးက အဓမ္မကျင့်ခံရတာ ကြယ်လေး.."

မျက်၀န်းအိမ်တို့ ခဏတာ ဝိုင်းစက်အံ့ဩသွားပေမဲ့ ဓူဝံလေးရဲ့မျက်ရည်တို့ဟာဆက်လက်စီးဆင်းဆဲ။ ထိုဂါ၀န်ပန်းရောင်လေးပိုငေးကြည့်လျှက်ပင်။

" အကိုတို့သိလား..။ နိုးနိုးလေးကလေ ။ ကိုကိုပေးတဲ့ဟောဒီဂါ၀န်ပန်းရောင်လေးကိုသိပ်ကြိုက်တာဗျ.."

" အကိုတို့သိပါတယ် ကြယ်လေးရယ်။ ကလေးကောင်းရာမွန်ရာရောက်ဖို့ ရက်လည်ဆွမ်းသွပ်လုပ်ရမယ်။ ဒါမှကလေးလေးကောင်းကောင်းအနားယူနိုင်မှာ။ "

" နိုးနိုးလေး‌ကလေ..ကျွန်တော့်ညီမလေးကလေ။ အိမ်အကြီးကြီး ခြံအကြီးကြီးမှာနေချင်တယ်လို့ခဏခဏပြောနေတာဗျ။ အိမ်ထဲကထွက်လာရင် ခြံတွင်းစိုက်ထားတဲ့ ရောင်စုံပန်းခင်းကြီးရယ်။ ဟောဟိုကနိုးနိုးလေးရဲ့လွယ်အိတ်လေးဘေးမှာငိုင်နေတဲ့ လပ်ကီးလေးရယ်။ ကားအကြီးကြီးရယ်ပေါ့ဗျာ။ နိုးနိုးလေးရဲ့ဆန္ဒတွေကိုကျွန်တော်တစ်ခုမှမဖြည့်စည်းပေးနိုင်ခဲ့ဘူး။"

"ညီလေး.. မငိုပါနဲ့တော့ကွာ.. ညီလေးငိုနေလို့ နိုးနိုးလေးက ပြန်လာမှာမှမဟုတ်တာ.."

ဓူဝံ့ရဲ့စိတ်တွင်း တစ်ခုခုချို့ယွင်းသွားသကဲ့သို့။ အရာရာဟာမှောင်အတိကျရောက်နေသည်။ အလင်းဟူ၍အဘယ်မည်နည်း။ နားထဲမှာကြားရသမျှက နိုးနိုးလေးရဲ့ရယ်သံ။ စကားသံလေးတွေ။

"ဘယ်ကိုပြန်မလာမှာလဲ ကိုရှင်းမြတ်ရ.. နိုးနိုး..ကျွန်တော့်ညီမလေးက အိပ်နေတာ အကိုရဲ့.."

You've reached the end of published parts.

⏰ Last updated: Mar 22 ⏰

Add this story to your Library to get notified about new parts!

My Husband Calls Me PoorWhere stories live. Discover now