part 13 💔

256 13 9
                                    

" အဲ့ခွေးကောင်က ဘယ်သွားနေပြန်ပြီလဲမသိဘူး.."

အလုပ်မှာစိတ်အဆင်မပြေလာတဲ့ ခေတ်ရှိုင်းအတွက်အိမ်ပြန်လာချိန် ဓူဝံရှိ‌မနေတာက ဓူဝံအတွက်ကံကြမ္မာဆိုးကြီးတစ်ခုလိုပင်။ ဓူဝံ သည်မိုးသောက်နှင့်ပါသွားသည်ကိုလည်းသူမသိချေ။
ထိုချိန်အိမ်၀မှ ၀င်လာသော ဦးသက်ထွန်း ကိုတွေ့ပြီး ဒေါမာန်ဖြင့်ဒေါမာန်ဖြင့်

" Daddy ဟို ကောင် ဘယ်သွားလဲ.."

" ဓူဝံလေးလား သား.."

"ဘယ်သူရှိရမလဲ အဲ့ဆင်းရဲသားပဲပေါ့.."

"Daddy က နေ့လည်ကတည်းက ဓမ္မာရုံရောက်နေတာသားရဲ့..ဦးဘတင့်ကိုမေးကြည့်ပါလား.."

ဒူးတစ်ဖက်ပေါ် ခြေထောက်တင်ထိုင်နေရာမှ တန်း၍မတ်တပ်ရပ်ကာ ခြံထဲသို့ဆင်းသွားသည်။ ဒေါသထွက်နေတာကြောင့် ဦးဘတင့် မဖြစ်သင့်တာတားရန် နောက်ကလိုက်သွားရသေး၏။

" ဟေ့လူ.. ဦးဘတင့် .. ဟိုခွေးကောင် ဘယ်သွားလဲ.."

" Lucky လား ကောင်လေး.."

" ဟား..ဒီအဖိုးကြီးကတော့.."

စိတ်တိုသွားတဲ့ ခေတ်ရှိုင်းရဲ့လက်ကိုအနောက်မှဆွဲကာ ဦးသက်ထွန်းကပဲ လှမ်း၍။

" ဓူဝံကိုပြောနေတာ ဦးဘတင့်.. ဓူဝံပျောက်နေလို့ သူစိတ်တိုနေတာ.."

" ဪ ဓူဝံ က သူ့သူငယ်ချင်းလာလို့ ပြီးတော့ အရပ်ရှည်ရှည်ကောင်လေးတစ်ယောက်နဲ့ ကားနဲ့ထွက်သွားကြတယ်.."

" ဘယ်သူလဲကောင်လေးက.."

" ဦးလည်းသေချာမသိဘူး ငါ့တူ.. သူတို့လိုက်သွားတုန်းကတော့ နှုတ်ဆက်သွားသေးတယ်.."

ခေတ်ရှိုင်း ခေါင်းမီးထတောက်မှာပင်ဆိုးရသည်။ကုမ္မဏီကိစ္စက ဆိုးရွားနေတဲ့နေ့မှ ဓူဝံက အိမ်မှာမရှိ ။ ပိုဆိုးတာက လာခေါ်တဲ့လူကို ကောင်းရာစံလို့ ထင်သွားခြင်းပင်။

" Daddy ကျုပ်အဲ့ကောင်ကိုကွာရှင်းမယ်.."

" မရဘူးလေ .. သား .. ၂နှစ်ထဲကိုကွာ သည်းခံစမ်းပါ ခုပဲ ၆လထဲရောက်ပြီပဲ.."

" Daddy .. သူ့ပုံစံကအရမ်းဆိုးနေပြီ.. ကျွန်တော်နဲ့လက်ထပ်ထားပြီး တခြားသူနဲ့ခိုးစားနေတာ မြင်မကောင်းဘူး.."

My Husband Calls Me PoorWhere stories live. Discover now