Part(24)Uni/Zaw

13K 722 92
                                    

Unicode

" မောင် ဒီနေ့.. "

" အဲ့လိုမခေါ်နဲ့ "

" ဟင်! "

" မောင်လို့မခေါ်နဲ့ "

'လွမ်း' ၏စကားကြောင့် 'မြူငယ်' ၏မျက်နှာကညိုးကျသွားကာ လက်ထဲကကိုင်ထားသည့် စတော်ဘယ်ရီသီးလေးကိုပင် ပန်းကန်ထဲပြန်ထည့်လိုက်သည်။

" 'မြူငယ်' ကမင်းကိုအဲ့လိုပဲခေါ်နေကြလေ "

အခြေအနေမကောင်းနေသည်မို့ 'ရာစု' ကဝင်ဖြန်ဖြေပေးတော့ 'လွမ်း' ကဘာစကားမှထပ်မပြောလာ ကုတင်ခေါင်းရင်းကိုသာ မှီထိုင်နေသည်။
'မြူငယ်' ကျချင်နေသည့် မျက်ရည်တို့အား
ထိန်းချုပ်ကာ ပြုံး၍ မော့ကြည့်လိုက်ရင်း..

" 'လွမ်း' ဒီနေ့တောင်ကြီးကခြံက
စတော်ဘယ်ရီတွေပို့လာပေးတယ်
မင်းငါ့ကိုဝယ်ထားပေးတဲ့ခြံလေ
စတော်ဘယ်ရီတွေက တုံးတော့မှာကွ
သိလား.... "

ပြောပြနေရင်းကို 'လွမ်း' ၏သူစိမ်းဆန်ဆန်အကြည့်တို့ကြောင့် နှုတ်ခမ်းတို့က တုန်ယင်
လာကာ မျက်ရည်တို့က ကျလာတော့

" အင့်! ငါစားလို့ မဝသေးဘူးသိလား
စတော်ဘယ်ရီတွေက
ဘာလို့ အဲ့လောက်အမြန်ကြီး တုံးကုန်ရတာလည်း
မသိဘူး အီးဟီး.... "

'မြူငယ်' ကအားရပါးရ အော်ငိုတော့ ဘေးမှာထိုင်နေသည့် 'ရာစု' ကသာ ပွေ့ဖက်ကာ
နှစ်သိမ့်ပေးရသည်။

'မြူငယ်' ဝမ်းနည်းနေတာ စတော်ဘယ်ရီ
သီး‌တွေကြောင့်မဟုတ်ဘဲ 'လွမ်း' ကြောင့်ဆိုတာ
'လွမ်း' ကိုယ်တိုင်က သိနိုင်ပါ့မလား...

" ကိုကို "

'လွမ်း' ၏ခေါ်သံကြောင့် မော့ကြည့်မိတော့
ဆေးရုံအခန်းထဲဝင်လာသည့် 'နွေမှိုင်း' နဲ့
'မင်းမြတ်'၊

" ညီ နေရထိုင်ရ အဆင်ပြေလား "

" ကိုကို သားကို ပစ်ထားပြီး ဘယ်တွေသွား
နေတာလည်း သားမသိတဲ့ လူတွေနဲ့
မထားခဲ့ပါနဲ့လား သားမနေတက်ဘူး "

'လွမ်း' ၏စကားဆုံးသည်နှင့် 'ရာစု' က
မတ်တပ်ထရပ်ကာ..

" 'အလွမ်းနက္ခတ်'!!! မင်းမလွန်လာနဲ့နော်
ငါတို့ဘယ်လောက်ရင်းနှီးခဲ့တယ် 'မြူငယ်' နဲ့မင်းနဲ့ဆက်ဆံရေးက ဘယ်လိုရှိတယ်ဆိုတာ
ပြောပြထားပြီးသား Social media ပေါ်မှာပဲ
တက်ကြည့်မလား မင်းကြိုက်တဲ့သူကိုသွားမေးလို့ရတယ် မင်းက.. "

You're My Beloved ( COMPLETE )Where stories live. Discover now