Extra(3)Uni/Zaw

10.5K 548 39
                                    

Unicode

Warning ⚠️

Warning ပိုင်းတွေကို Ss ရိုက်ပြီးလိုင်းပေါ်မတင်ကြပါနဲ့နော်........။

" 'ဇမ်းသုတ'!! "

" ငါတစ်ကယ်ဆုံးဖြတ်ပြီးပြီ "

" မင်းကွာ... "

'ရှိုင်း' အားမလိုအားမရဖြစ်ကာ ရေရွတ်လိုက်မိသည်။ 'သုတ' ကသစ်ပင်အောက်ရှိ ခုံတန်းလျားတွင် ထိုင်နေခြင်းဖြစ်ရာ 'ရှိုင်း' ကရှေ့တွင် ခါးထောက်လျက်မတ်တပ်ရပ်နေခြင်းဖြစ်သည်။

" အဲ့လောက်ထိ လိုလို့လား... "

" မင်းတောင်လုပ်ခဲ့သေးတာပဲ "

" မတူဘူးလေကွာ... ငါကမင်းလိုမှမဟုတ်တာ "

" ငါဆုံးဖြတ်ပြီးပြီ 'ရှိုင်း' "

'သုတ' ၏စကားကြောင့် 'ရှိုင်း' သက်ပြင်းသာချလိုက်မိသည်။

" 'ခမ်း' ကိုပြောပြီးပြီလား "

" ဟင့်အင်း... "

" မင်းပျော်မှာ သေချာရဲ့လား "

" အင်း... မောင့်အတွက်ဆိုရင်အရာအားလုံးကို
စွန့်လွှတ်ရဲတယ် 'ရှိုင်း' ငါအမှား‌တွေလုပ်ခဲ့ပြီးပြီ မောင်လည်းအများကြီးခံစားခဲ့ရပြီးပြီ
ငါထပ်ပြီး မရူးမိုက်ချင်တော့ဘူး 'ရှိုင်း' "

" မင်းအခုလုပ်နေတာကမှ ရူးမိုက်တာ
မဟုတ်ဘူးလား... ဟမ်! ငါကမင်းနဲ့
ငယ်ငယ်ကတည်းက ပေါင်းလာတဲ့ကောင်ပါကွ!
မင်းရဲ့ဝါသနာအပေါ်မှာ ရူးသွပ်မှုတွေ
ဒီလမ်းကိုရွေးချယ်နိုင်ဖို့ မင်းစွန့်လွှတ်ခဲ့တာတွေ
မင်းငိုကြွေးခဲ့ရတဲ့ နေ့ရက်တွေ မင်းဘယ်လောက်ထိ ပေးဆပ်ခဲ့ရလည်း..."

" မင်းပြောသလိုပဲ ငါ့အတွက် ငါ့ရဲ့ဝါသနာက ပထမဦးစားပေးဖြစ်ခဲ့တယ် 'ရှိုင်း'....
ဒါပေမယ့် မောင်နဲ့ယှဉ်လာရင်တော့
မောင်ကငါ့အတွက်အရာရာပဲ...
မောင်သာငါ့အနားမှာမရှိတော့ရင်
ငါရှင်သန်နိုင်မှာမဟုတ်ဘူး... "

" မင်းဆုံးဖြတ်ပြီးပြီဆိုတော့လည်း
ဘယ်တက်နိုင်မလည်း... "

" အသက်... "

'ရှိုင်း' နှင့် 'သုတ' ရှိရာသို့ ရောက်လာကာ 'သုတ' ဘေးတွင်ဝင်ထိုင်လာသည့် 'ခမ်း'....

You're My Beloved ( COMPLETE )Where stories live. Discover now