Extra (6)Uni/Zaw

9.1K 466 48
                                    

Unicode

Warning ⚠️

Warning ပိုင်းတွေကို Ss ရိုက်ပြီး လိုင်းပေါ်မတင်ကြပါနဲ့နော်.....။

" မောင် ..ငါ.. "

'မြူ' ကပြောနေရင်းပင် ပါးစပ်ကိုလက်ဖြင့်အုပ်ကာ ရေချိုးခန်းထဲ ထပြေးသွားသဖြင့် 'လွမ်း' ဆိုဖာတွင်ထိုင်ကာ အလုပ်လုပ်နေရာမှ အမြန်ထသွားမိသည်။

" 'မြူ' သက်သာလား "

" အီးဟီး... ဗိုက်တွေနာလာပြီ
'ဦးခြယ်' ကမလာသေးဘူးလား "

" လာနေပြီပြောတယ် ရေသောက်မလား "

" ဟင့်အင်း... ပြန်အန်မှာ "

'မြူ' မနက်မိုးလင်းကတည်းက ဘာစားစား
ပြန်အန်သလို ရေပင်ပြန်အန်သည်အထိ၊
ခဏခဏအန်နေရသဖြင့် ဗိုက်သားတွေပင်
နာလာရသည်အထိ...

'လွမ်း' ငိုနေသူအား ပွေ့ချီကာခေါ်လာ၍
မွေ့ယာပေါ်ချပေးလိုက်တော့ 'မြူ' ကဖက်ထားသည်အားမလွှတ်သဖြင့် 'လွမ်း' ကုတင်ခေါင်းရင်းကိုမှီထိုင်လိုက်သည်။ ထိုအခါ 'မြူ' က 'လွမ်း' ၏ရင်ဘတ်ပေါ် ခေါင်းလေးတင်ကာ ဖက်တွယ်လာသည်။

'လွမ်း' 'မြူ' ၏ကျောပြင်ကို ခပ်ဖွဖွပွတ်သပ်ပေးလိုက်တော့ ခဏလေးအတွင်းပင် ငြိမ်ကျသွားကာ အိပ်ပျော်သွားသည်။ ထိုအချိန်တွင်
အခန်းထဲဝင်လာသည့် 'ရောင်ခြယ်' နှင့် 'ခမ်း'

'လွမ်း' 'မြူ' ၏ပုခုံးကိုခပ်ဖွဖွဆုပ်ကိုင်ကာ ဘေးသို့ချပေးတော့ 'ခမ်း' ကခေါင်းအုံးကို သေချာပြင်ပေးလာသည်။ ထို့နောက် 'လွမ်း' နှင့် 'ခမ်း' က
ဘေးတွင်ရပ်နေကာ 'ရောင်ခြယ်' ကကုတင်ပေါ်တင်ပလွဲထိုင်၍ 'မြူ' ကိုစစ်ဆေးပေးလာသည်။

" 'မြူလေး' မှာ ကိုယ်ဝန်ရှိနေပြီ "

'ရောင်ခြယ်' ပြောလိုက်တော့ 'လွမ်း' ကအံ့ဩမှုနှင့် ပျော်ရွှင်မှုတို့ရောနှောကာ တောင့်တောင့်ကြီးရပ်နေသည်။ 'ခမ်း' ကတော့ပျော်ရွှင်စွာပင်
ဘေးမှာရပ်နေသည့် 'လွမ်း' ၏လက်မောင်းကို
ထုရိုက်ကာ..

" ဟေ့ရောင်! ကလေးရှိနေပြီတဲ့ကွ! "

ထိုအခါမှ 'လွမ်း' ကလည်း 'ခမ်း' ကိုလှည့်ကြည့်လာကာ နှစ်ယောက်သားပွေ့ဖက်ကာ အော်ဟစ်၍ခုန်ပေါက်နေသည်မှာ တစ်ပက်ပင်လည်သည်အထိ.....

You're My Beloved ( COMPLETE )Where stories live. Discover now