Extra (7)EndUni/Zaw

12.6K 544 71
                                    

Unicode

" 'ခမ်း'!! "

" လာပြီ!! "

'ခမ်း' တစ်ယောက် ဧည့်ခန်းမှအပြေးလာတော့ 'မြူ' ကအခန်းပေါက်ဝပင်ရောက်နေပြီဖြစ်သည်။
လရင့်လာသည်နှင့်အမျှ အဆင်းအတက်အဆင်မပြေတော့သဖြင့် 'လွမ်း' နှင့် 'မြူ' အောက်ဆုံးထပ်တွင် ပြောင်းနေ‌ခဲ့ရခြင်းဖြစ်သည်။

" မောင်ကော "

" မောင်က... အဲ...
'လွမ်း' က ကုမ္မဏီရှယ်ယာရှင်ညစာစားပွဲ
သွားတယ်လေ "

'ခမ်း' ပြောလိုက်တော့ 'မြူ' ၏မျက်နှာလေးမှာဆူပုတ်ပုတ်လေးဖြစ်သွားသည်။ မွေးလထဲဝင်နေပြီဖြစ်သည့် ဗိုက်လေးက အတော်လေးပင်
ဆူထွက်နေပြီဖြစ်ကာ လရင့်လေ အစားပို‌စားလေ
ဖြစ်သည့် 'မြူ' ကဝကစ်ကစ်လေးဖြစ်နေကာ
ပါးနှစ်ဖက်မှာလည်း ဖောင်းကစ်နေသည်မှာ
ပြေးကိုက်ပစ်ချင်စရာပင်...

" မောင့်ကို ဖုန်းခေါ်ပေး "

'မြူ' ကပြောပြီးသည်နှင့် ဗိုက်လေးကိုကိုင်ကာ
ကွတကွတဖြင့် ဧည့်ခန်းထဲကိုလျှောက်သွားတော့ ဆိုဖာမှာထိုင်နေသည့် 'သုတ' က 'မြူ' ဆီအပြေးလာကာ ကူတွဲပေးသည်။
'မြူ' ဆိုဖာခုံမှာ ဝင်ထိုင်လိုက်သည်နှင့်
'ခမ်း' က 'လွမ်း' ဆီခေါ်ထားသည့် ဖုန်းကိုပေးလာသည်။

" မောင် "

' ဗျ '

" ဘယ်အချိန်ရှိနေပြီလည်း အိမ်ပြန်မလာ
သေးဘူးလား "

' လူကြီးတွေနဲ့ဆိုတော့ ချက်ချင်းထထွက်လာလို့
မကောင်းလို့ ခဏထိုင်နေတာပါ ကလေးရဲ့ '

" ဘာခဏလည်း မောင်ထွက်သွားတာ
နေ့လည်ကတည်းက "

' နေ့လည်က အစည်းအဝေးလေ
အခုက ညစာစားပွဲမှာ '

" အပိုတွေပြောမနေနဲ့ လမ်းသလားပြီး အပြင်ထွက်နေတာကို ဆင်ခြေဆင်လက်တွေ
လာပေးမနေနဲ့ "

' မဟုတ်ပါဘူး 'မြူ' ရာ မောင်မလိမ်ပါဘူး
Daddy လည်းပါတယ် မယုံရင် Daddyကို
မေးကြည့် '

" မမေးပါဘူး မောင်တို့ အချင်းချင်းငြှိထားကြမှာ မသိဘူးများ ထင်နေတာလား "

' မငြှိပါဘူး 'မြူ' ရာ '

" အိမ်မှာ မိန်းမတစ်ယောက်လုံး မွေးခါနီးဖွားခါနီးဖြစ်နေတာကို လမ်းကသလားနေနိုင်သေးတယ်
အခုချက်ချင်းပြန်လာခဲ့!! "

You've reached the end of published parts.

⏰ Last updated: Feb 25 ⏰

Add this story to your Library to get notified about new parts!

You're My Beloved ( COMPLETE )Where stories live. Discover now