chapter 1

906 33 0
                                    

🦊Chapter 1
Arc 1 - လူမှားယွင်းယုံကြည်မိခြင်း
(Arc - 1.1)

ရွှယ်လင်၏ ဦးခေါင်းသည်ဆိုးဆိုးရွားရွားကိုက်ခဲနေခဲ့ပြီး သူ၏ကိုယ်ခန္ဓာတစ်ခုလုံးသည်လည်း နာကျင်နေသည်။ ကားတစ်စီးနှင့် ဖြတ်တိုက်ခံထားရသကဲ့သို့ပင် အလွန်ဆိုးရွားစွာခံစားနေရ၏။

သူ အိပ်ရာထဲတွင် နာကျင်စွာနှင့် ညည်းတွားနေရကာ လှုပ်ရှားရန် ခွန်အားပင်မရှိပေ။ သို့သော်လည်း အားတင်းလျက် မျက်လုံးများကိုဖွင့်လိုက်သည်။

အရာအားလုံးသည် အဖြူအမည်းသာဖြစ်နေပြီး မှုန်ရီဝိုးတဝါးနှင့် အမြင်အာရုံမရှင်းလင်းချေ။ သူ့ခန္ဓာကိုယ်၏အခြေအနေသည် မည်၏မျှပင်ဆိုးရွားကြောင်း သိသာနေ၏။

သူ၏မြင်ကွင်းထဲတွင် အနက်ရောင်ပုတီးတစ်ကုံးပေါ်လာပြီး ရင်းနှီးသလိုရှိသော ဖြူဆွတ်နေသည့် လက်ဖဝါးနှင့်မြေခွေးတစ်ကောင်က သူ့ပါးများကို ပုတ်ကာ နှုတ်ဆက်လာသည်။

“ မင်္ဂလာပါ အရှင် ”

အသံသည် နူးညံ့သိမ်မွေ့နေကာ မြေခွေးဟုပင်မထင်ရပေ။

ရွှယ်လင်သည်သူ၏ မျက်လုံးများကို ပင့်ကြည့်ရန် ဆန္ဒရှိသော်ငြား အမှန်တကယ်ပင် ခွန်အားရှိမနေ ။ကံကောင်းထောက်မစွာဖြင့် သူ၏စိတ်ဝိညာဉ် သန်မာနေ၍သာ ထိုမြေခွေးငယ်လေးနှင့် ကောင်းကောင်းမွန်မွန်စကားပြောဆိုနိုင်နေခြင်းဖြစ်သည်။

" ငါ့ခန္ဓာကိုယ်ကို ပြန်ကောင်းအောင်လုပ်ပေး"

“အရှင့်ရဲ့ အာကာသနဲ့ အချိန်စက်ဝန်းတွေကို ဖြတ်သန်းလာခဲ့ရတဲ့ ဒဏ်တွေက   ခုထိ အရှင်းမပျောက်သေးဘူး။ အဲ့ဒဏ်ရာတွေပျောက်သွားတာနဲ့ အရှင့်ရဲ့ ခန္ဓာကိုယ်က ချက်ချင်းပြန်ကောင်းလာပါလိမ့်မယ်"

မြေခွေးငယ်လေးသည် ရွှယ်လင်၏ ဦးခေါင်းရှိရာ အိပ်ယာ၏ဘေးဘက်သို့ လျှောက်သွားလိုက်ပြီး

“အရှင့် မျက်လုံးတွေကိုမှိတ်ထားပြီး အားပြန်ဖြည့်နေလိုက်ပါ"

ရွှယ်လင် သဘောတူလိုက်မိသည်။

ယခင်က ထိုလူသည် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရန် ပြောနေခဲ့သည်မှာလည်း မဆန်းကြောင်း ပြန်တွေးနေမိ၏။ အာကာသနှင့်အချိန်စက်ဝန်းများကိုဖြတ်ကူးခြင်းသည် အလွန်ပြင်းထန်သောကြောင့် ယခုသူ့လက်ရှိ စိတ်စွမ်းအင် မတည်မငြိမ်ဖြစ်နေပြီး အလွန်ကျဆင်းနေခဲ့သည်။ ထို့အပြင်သူ၏ခန္ဓာကိုယ်မှာလည်း လုံးဝအဆင်ပြေသောအခြေအနေတွင်ရှိမနေခဲ့ချေ။ မျက်လုံးများကိုပိတ်လိုက်ပြီးမကြာမီပင် အတွေးများနှင့် အိပ်ပျော်သွား၏။

ငါ့အမြှီးကိုဘယ်ကောင်ထိတာလဲကွ!Where stories live. Discover now