chapter 14

52 1 0
                                    

Chapter 14
February 29, 2024
🦊Chapter 14

Arc 2 - လူမှားလက်ထပ်မိခြင်း

2.5 - မစ္စတာအိုဝင်က ခက်ခဲတဲ့ပြဿနာနဲ့ ရင်ဆိုင်နေရတယ်။

ရက်အနည်းငယ်ကြာပြီးနောက် ဈာပနအခမ်းအနားတရားဝင်ပြီးဆုံးသွားခဲ့သည်။ လူအမြောက်အမြားလိုက်လံပို့​ဆောင်ပေးခဲ့ကြပြီးနောက် ရွှယ်လင်သည်လည်း စိတ်သက်သာရာရသွားခဲ့သည်။

ရှုယုံယီသည် လာ​ရောက်တွေ့ဆုံရန် အချိန်ဆွဲ​နေဆဲဖြစ်ပြီး​နောက် သူ့ကျန်းမာရေးကို ​မေးလာသည်။

"ယွမ်​လေး၊ မင်း ဘယ်လိုနေသေးလဲ"

ရွှယ်လင်သည် သူ့နှုတ်ခမ်းများကို ​စေ့ထားလိုက်ပြီး "ကျွန်တော်အဆင်ပြေပါတယ်၊ နည်းနည်းပင်ပန်း​နေရုံပါ"

"ပင်ပန်း​နေရင် စောစောပြန်ပြီး အနားယူလိုက်​လေ။ အစ်ကိုလည်း အိမ်မပြန်တာ ရက်တော်တော်ကြာနေပြီ။ မင်းအစ်မ​ရော ပိုသက်သာလာပြီလား။ အစ်ကို သူမကိုတွေ့ဖို့ မင်းနဲ့အတူ ပြန်လိုက်ခဲ့ရမလား"

"မလိုပါဘူး၊ ချင်​လေးက အစ်ကို့အိမ်မှာ ရှိနေတုန်းပဲ၊ အစ်ကို ပြန်ပြီး သူ့ကိုသာ ဂရုစိုက်သင့်တယ်။ အစ်မစိတ်အ​ခြေအ​နေက သိပ်မကောင်း​သေးလို့ ကျွန်​တော် အရင်ဆုံး အိမ်ပြန်ပြီး အစ်မကို ကိုယ့်ဘာသာကိုယ်ပဲ ဂရုစိုက်လိုက်ပါ့မယ်"

"ဒါလည်း အလုပ်ဖြစ်ပါတယ်။ မင်းနဲ့မင်းအစ်မက အမြဲတမ်း ရင်းရင်းနှီးနှီးရှိတယ်၊ အစ်ကို့အစား သူ့ကို ကောင်းကောင်း ဂရုစိုက်​ပေးပါအုံး။ အစ်ကို မနက်ဖြန်မှ သူ့ကို လာ​ခေါ်မယ်"

filial pietyဝတ်ရုံရှည်ကို ဝတ်ထားဆဲဖြစ်​သော သူ့ယောက်ဖ ထွက်သွားသည်ကို ကြည့်ပြီး ရွှယ်လင် အေးစက်စွာ နှာမှုတ်ထုတ်လိုက်သည်။ ထိုလူသည် သူ့အစ်မ အခုဘယ်မှာနေနေမှန်းတောင် မသိ​ကြောင်း သူ ​လောင်းရဲသည်၊ သို့​သော် သူ့အစ်မအား စိတ်ပူသည်ဟု ပြော​နေဆဲပင်။ ရှုချင် အိမ်မှာရှိနေဆဲဖြစ်​ကြောင်း သတိ​ပေးလိုက်ရုံနှင့် သူ့ကို ထွက်သွား​အောင်လုပ်ရန် လုံလောက်​ပေသည်။

[filial piety - မိဘများ၊ လူကြီးများကို ​လေးစားရို​သေမှုကို ​ဖော်ပြသည့်အပြုအမူ]

ငါ့အမြှီးကိုဘယ်ကောင်ထိတာလဲကွ!Where stories live. Discover now