chapter 2

180 15 0
                                    

🦊Chapter 2
Arc 1 - လူမှားယွင်းယုံကြည်မိခြင်း
(Arc - 1.2)

သူ၏ရုပ်ပိုင်းဆိုင်ရာအားအင်ပြန်ဖြည့်နေစဉ်တွင်  ရွှယ်လင်သည် လက်ရှိ ဇာတ်လမ်း၏ ဖြစ်စဉ်များကိုအကြမ်းဖျင်းခန့်မှန်းနိုင်ခဲ့၏။ နောက်ခံအကြောင်းအရာမှာ အလွန်ရိုးရှင်းပြီး ရှေးဟောင်းပြဇာတ်တစ်ခုလိုပင် ဖြစ်သည်။ ထိုလူက သူ့အား အနိမ့်ဆုံးကမ္ဘာအဆင့်မှစတင်ရန်လိုအပ်သည် ဟုပြောသည်မှာလည်း မဆန်းပေ။ ထိုသို့သော ကံကြမ္မာဖြစ်စဉ်ကိုဖျက်စီးရန်မှာ ထိုမျှလွယ်ကူနေမည် မဟုတ်ချေ။

သူ၏ ခန္ဓာကိုယ်တိုးတက်လာသော်လည်း သူ့တွင် ခွန်အားအလုံအလောက်မရှိပေ။ သူသည် ဆေးမသောက်၍မဖြစ်သောကြောင့် ထိုဆေးများဆက်သောက်နေရသေး၏။ ထိုအရာသည် သူ့အား သာမန်လူတစ်ယောက်ကဲ့သို့ နေ၍ ရစေသော်လည်း နာမကျန်းဖြစ်နေဆဲပင်။ အိပ်ရာထဲတွင်တစ်နေ့လုံးသွေးချောင်းဆိုး၍ လှဲနေခြင်းနှင့်အခြားမည်သည့်အရာမျှမလုပ်နိုင်ခြင်းကဲ့သို့မျိုးတော့ မဟုတ်။

ဤခန္ဓာကိုယ်၏မူလပိုင်ရှင်သည် စာပေပညာရှင်မိသားစုတွင် မွေးဖွားခဲ့သော်လည်း အလွန်အားနည်းနေပြီး ငယ်စဉ်တည်းက ကျန်းမာရေးမကောင်းပေ။ အသက် ၁၆ နှစ်အထိ အသက်ရှင်နေထိုင်လာသည်မှာပင် အံ့ဖွယ်ဖွယ်ရာဖြစ်သည်။ သူသည် မူလက စာပေပညာရှင်မိသားစုမှ သခင်လေးတစ်ဦး ဖြစ်ခဲ့၏။ သို့သော် သူ၏မိဘများသည် မှားယွင်းစွာစွပ်စွဲခံရပြီး သေဆုံးခဲ့ရခြင်းကြောင့် မိသားစု၏ ငွေရေးကြေးရေးအခြေအနေများလည်း ကျဆင်းသွားသည်။ ထို့အပြင် သူကိုယ်တိုင်သည်လည်း မိသားစု၏နာမည်ပျက်ကို ရှင်းနိုင်ရန်မျှော်လင့်လျက်  ဧကရာဇ်စာမေးပွဲတွင် ပါ၀င်ဖြေဆိုရန် ကိုယ်တိုင် မြို့တော်ထိ သွားခဲ့၏။

ကံမကောင်းစွာဖြင့် ဆေးဝါးဖြင့်သာ အသက်ဆက်ရှင်နေရသူဖြစ်ပြီး မြို့တော်သို့သွားသောလမ်းခရီးမှာ အလွန်ဝေးကာ လမ်းများမှာလည်း ဖြတ်သန်းသွားရန်မလွယ်ကူပေ။ ပြင်းထန်စွာနေမကောင်းသောကြောင့် ရပ်လိုက်သွားလိုက်ဖြင့် တစ်လျှောက်လုံးသွားခဲ့ရာ ခရီးသည် အချိန်နှစ်ဆ ပိုကြာခဲ့သည်။  သူ့အခြေအနေသည်လည်း တိုးတက်လာမှုမရှိသောကြောင့် ဧကရာဇ်စာမေးပွဲ၏ အချိန်ပိုမိုနီးကပ်လာသည်နှင့်အမျှ ဘာမျှမလုပ်နိုင်ပဲ ထိုင်ကြည့်နေရသကဲ့သို့ပင်။ နောက်ဆုံးတွင် သခင်လေးသည်  သက်ပြင်းချလျက် သူ၏ စာသင်ဖက်ထံ မိသားစု တံဆိပ်ကိုလွှဲပေးပြီး ယခင်ကသူ့မိသားစုမှ ကယ်တင်ခဲ့ဖူးသော လက်ရှိ စစ်သူကြီးကိုရှာဖွေရန်အတွက်  မြို့တော်သို့သွားရန်သာ တောင်းဆိုခဲ့၏။ အတိတ်ကကျေးဇူးအားထောက်ရှူ၍ ထိုလူသည် သူ့အားကူညီနိုင်လောက်မည်ဟုသာ မျှော်လင့်နိုင်ခဲ့သည်။

ငါ့အမြှီးကိုဘယ်ကောင်ထိတာလဲကွ!Where stories live. Discover now