chapter 26

27 2 0
                                    

Chapter 26
March 06, 2024
🦊Chapter 26

Arc 3 - ဖျော်ဖြေရေးလောက၏ လရောင်ဖြူလေး

Arc 3.1 - အခြားသူက ချစ်မိသွားပြီး ဒုက္ခရောက်ရတာ ရယ်စရာကောင်းတယ်

ရွှယ်လင် သူ့မျက်လုံးများကို ပြန်ဖွင့်လိုက်ချိန်တွင် ရေချိုးကန်ထဲတွင် ရောက်​နေကြောင်း သူ့ကိုယ်သူ တွေ့လိုက်ရသည်။

သူ ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး​နောက် သူ့ကို မည်သူကမှ မမနှောင့်ယှက်နိုင်ရန် အတော်လေး ပိတ်​လှောင်ထားသည့် ပတ်၀န်းကျင်ဖြစ်​ကြောင်း တွေ့ရှိသွားပြီး ဇာတ်ကွက်ကိုပို့ပေးရန် အကူစနစ်ကို တောင်းဆိုလိုက်သည်။

အကူစနစ်က ရေမကြိုက်​သော​ကြောင့် ရွှယ်လင်၏ခေါင်းထိပ်တွင် ဘောလုံးတစ်လုံးကဲ့သို့ ကွေးထားသည်။ သူ့စကားကိုကြားပြီး​နောက် မြေပြင်ပေါ်သို့ခုန်ဆင်းကာ အမြီးကို ဖြတ်ခနဲလှုပ်ရှားလိုက်သည်။ ထို့​နောက် ဤကမ္ဘာ၏ဇာတ်ကြောင်းအချက်အလက်များကို မျှဝေလိုက်သည်။

ရွှယ်လင် သူ့မျက်လုံးများကို မှိတ်လိုက်သည်။ ဇာတ်လမ်းအချက်အလက်များက သူ့စိတ်ထဲသို့ ချက်ချင်းဆိုသလို စိမ့်ဝင်လာ​သော်လည်း ပထမကမ္ဘာနှစ်ခုမှ  သူစုဆောင်းထားသည့် ကံတရား၏ပံ့ပိုးမှုနှင့်အတူ သူ၏လက်ရှိစိတ်ဝိညာဥ်စွမ်းအားက အရာအားလုံးကို လွယ်ကူစွာ စီမံဆောင်ရွက်နိုင်​စေရန် အလုံအ​လောက် အား​ကောင်းပြီး ဇာတ်လမ်းနှင့် ဤခန္ဓာကိုယ်၏အဆုံးသတ်တို့နှင့် ပတ်သက်သည့် အရာအားလုံးကို လျင်မြန်စွာ နားလည်လာခဲ့သည်။ ​ရေချိုးကန်ထဲရှိရေနှင့် သူ့မျက်နှာကို ဆေးကြောလိုက်ပြီး​နောက် ရွှယ်လင်က သူအား ပေးအပ်လာ​သောခန္ဓာကိုယ်အားလုံးက အမှန်ပင် ကံဆိုးလွန်းသည်ဟု တွေးလိုက်မိသည်။ ဤတစ်ကြိမ်တွင် ခန္ဓာကိုယ်၏မူလပိုင်ရှင်က လုံးဝအပြစ်ကင်းစင်သော်လည်း ကံမကောင်းလွန်းသဖြင့် နောက်ဆုံးတွင် အလွန်စိတ်ဆင်းရဲဖွယ်​ကောင်း​သော သေခြင်းဖြင့် သေဆုံးသွားခဲ့သည်။

ဤသည်မှာ အဓိကဇာတ်​ဆောင်အဖြစ် အဆိုးဝါးဆုံးကုန်း(gong)နှင့် တန်ဖိုးမရှိသောရှို့(Shou)တို့ပါဝင်သော **ကမ္ဘာတစ်ခုဖြစ်သည်။ သူတို့နှစ်ဦးစလုံးက "မင်းက ငါ့ရဲ့လမင်း​လေး၊ ငါက မင်းရဲ့ပန်း​လေး" ဟူသည့် ပြဇာတ်ထဲကလို တစ်ယောက်ကိုတစ်ယောက် အချစ်နှင့်အမုန်း လွန်ဆွဲနေကြပြီး ဂိမ်းများကစားကာ မည်သူမှမ​ပျော်ရွှင်သည်အထိ တစ်ယောက်နှင့်တစ်ယောက် လျှို့ဝှက်ကြံစည်နေခဲ့ကြသည်။ ထို့အပြင် ဤခန္ဓာကိုယ်၏မူလပိုင်ရှင်က ရိုးရှင်းစွာပင် ကံမ​ကောင်းသူတစ်​ယောက်ဖြစ်ခဲ့ပြီး ဘာဖြစ်သွားမှန်းပင် မသိလိုက်ဘဲ အရှုပ်အ​ထွေးများကြားတွင် သေဆုံးသွားခဲ့သည်။

ငါ့အမြှီးကိုဘယ်ကောင်ထိတာလဲကွ!Where stories live. Discover now