chapter 15

32 2 0
                                    

Chapter 15
February 29, 2024
🦊Chapter 15

Arc 2 - လူမှားလက်ထပ်မိခြင်း

2.6 – ​နောက်ဆုံးမှာ သူတို့ပြန်လာလိမ့်မယ်။

ရွှယ်လင်သည် အစကတည်းက အစီအစဉ်များ ဆွဲထားခဲ့သည်။

သူ့အမြင်အရ ကလဲ့စားချေမှုသည် စွမ်းအားကြီး​သော ကျောထောက်နောက်ခံမရှိသည့် လူတစ်ယောက်အတွက် လုံးဝမဖြစ်နိုင်​ပေ။ သူသည် တခြားကမ္ဘာမှ လာသည်ဆိုလျှင်တောင်မှ  အကူစနစ်၏အကူအညီကို ရရှိရုံမှလွဲပြီး မှော်အတတ်ကို အသုံးမပြုနိုင်သည့် ယခုကဲ့သို့အခြေအနေမျိုး၌ သူသည် သာမန်လူတစ်ယောက်သာသာပင်။

သူ့နောက်ကွယ်၌ ခိုင်မာသည့်အရင်းအမြစ်များမရှိလျှင် မည်သည်ကိုမှလုပ်စရာအကြောင်းမရှိ​တော့​ပေ။

တကယ်လို့ သူသာ ဤကမ္ဘာထဲသို့ စောစောရောက်လာခဲ့လျှင် သူသည် ဝမ်ကုမ္ပဏီ၌ အလုပ်လုပ်ရန် ကြိုးစားခဲ့ပေလိမ့်မည်၊ သို့​သော် ကံမကောင်းစွာနှင့်ပင် သူရောက်လာသည်မှာ အလွန်နောက်ကျ​နေခဲ့သည်။ သူ့မိဘများသည် ဆုံးပါးသွားခဲ့ပြီဖြစ်ပြီး ဝမ်ရှို့ထင်လည်း ဘယ်တုန်းကမှ ကုမ္ပဏီကိစ္စများတွင် ပါဝင်ပတ်သက်ခြင်းမရှိခဲ့​ပေ။ လမ်းခင်းပေးမည့်သူမရှိဘဲ ကုမ္ပဏီအတွင်းရှိ အမျိုးသားဇာတ်ဆောင်ကို ဖျက်ဆီးပစ်ရန်မှာ သူ့အတွက် အလွန်ခက်ခဲ​ပေလိမ့်မည်။

ထို့ကြောင့် သူနှင့်သူ့အစ်မ၏ ရှယ်ယာများကို စွန့်ပစ်ကာ ငွေနှင့်လဲလှယ်ပြီး အစမှ​ နောက်တစ်ဖန်ပြန်လည် စတင်ရန် သူ့အတွက်သူ အခွင့်အရေးပေးခဲ့ခြင်းဖြစ်သည်။ ၎င်းသည် သူ့အစ်မနှင့် ဝမ်​မော့တို့ကို တိုင်းပြည်မှ သူ ​ခေါ်ထုတ်လာရသည့် အကြောင်းရင်းလည်း ဖြစ်​ပေသည်။

အမျိုးသားဇာတ်ဆောင်သည် ယခုအချိန်တွင် အနိုင်ရရန် အခွင့်အ​ရေးများစွာရှိလေရာ လက်ရှိအချိန်တွင် သူ့အားရှောင်ရှားရန်သာ ရွေးချယ်နိုင်သည်။

ရွှယ်လင်က မလိုအပ်သော ထိခိုက်ဆုံးရှုံးမှုများကို အဖြစ်မခံချင်​ပေ။

တိုင်းပြည်မှ သူ ထွက်သွားသရွေ့ သူ့အတွက် အဆုံးမဲ့​သော အခွင့်အလမ်းများ ရှိနေသည်။ နှစ်အနည်းငယ်ကြာသည့်အချိန်တွင် မည်သူက အမှန်တကယ် စတင်လုပ်ဆောင်နိုင်ခဲ့​ကြောင်းကို ပြောရခက်​ပေလိမ့်မည်။

ငါ့အမြှီးကိုဘယ်ကောင်ထိတာလဲကွ!Where stories live. Discover now