chapter 22

45 4 0
                                    

Chapter 22
March 05, 2024
🦊Chapter 22

Arc 2 - လူမှားလက်ထပ်မိခြင်း

2.13

လူများက ရှုယုံယီအား သူ့အကောင့်တွင် တစ်ယောက်ပြီးတစ်ယောက် ရှုတ်ချနေကြသည်။ ရွှယ်လင်က ပွဲကိုဆက်ကြည့်ပြီး နောက်ထပ်ပြင်းထန်သောဗုံးတစ်လုံးကိုခပ်သာသာလေးပင် ပစ်ချလိုက်သည်။

ဝမ်ရှို့ယွမ်- ပိုင်လုဇီ က သူ့ကလေးတွေကို သူပြန်ကြည့်သင့်တယ်…ငါ့အစ်မက မင်းကို မကူညီဘူးဆိုပြီး ရူးကြောင်ကြောင်နဲ့ ကွန်ပလိန်းတက်မနေနဲ့အုံး …

(ရှုကျင်း နှင့် ပိုင်လုဇီ၏ DNA စစ်ဆေးမှု ဓာတ်ပုံ)

ယခုအချိန်တွင်လူတိုင်းက ယိုပေါက်များကိုဖြည့်စွက်ပြီးဒရာမာတစ်ခုလုံးကိုနားလည်နိုင်သည်။

(ကဖို့လာနေတဲ့ ပလာဇာအကသမားလေး - ဝိုး ဒီနှစ်ရဲ့ဒရာမာပဲ.. ဒါက သေရင်းရှင်ရေး မေတ္တာဇာတ်လမ်းလေးဖြစ်လာတာပဲ… ဘယ်လိုမာစတာဇာတ်ညွှန်းရေးသမားက ဒီလိုမျိုး  "ကောင်းတဲ့ အရာတွေကို ယူပြီး အတုတွေနဲ့အစားထိုးမယ်"အမျိုးအစား ဇာတ်ကြောင်း ကိုရေးပြီးတီဗွီလိုင်းတွေမှာ လွှင့်ပြမှာလဲ….ဒါတော်တော်ဉာဏ်ကောင်းလွန်းတာပဲ…ဟားဟားဟားဟား…)

(ရေငန်ငါးလေး - သေချာစဉ်းစားကြည့်ရင် တကယ်လန့်စရာကြီး… ဒီလိုဆက်ဆံရေးမျိုးကိုရှင်းလင်းနိုင်တဲ့ အားကြီးတဲ့ ဆရာတစ်ဆူလောက်ရှိလား…

ရယ်လည်းရယ်မယ် တုတ်လည်းတုတ်မယ် - ဖရဲသီးစေ့တွေစားပြီး ရှေ့တန်းကနေထိုင်ကြည့်နေတယ်…)

(ရန်သူကိုဖျက်ဆီးမယ့်ဓားတစ်ချောင်း - ဇာတ်လမ်းအမှန်ကို သေချာမသိပဲ နေ့တိုင်းဝင်စစ်နေတဲ့ ပွဲကြည့်ပရိသတ်တွေ :3 …)

(အချစ်ဇာတ်လမ်းလေးအကြောင်းပြောမယ် - ဒါကမထိုက်တန်ဘူး…ဒါပေမယ့်ဒီရှုပ်ထွေးမှုကို သပ်သပ်ရပ်ရပ်ဖြစ်အောင်ကြိုးစားလိမ့်မယ်… ညီလေးဝမ်ရဲ့ စကားလုံးတွေနဲ့ သက်သေအထောက်အထာတွေအရ အစ်မဝမ်က နိုင်ငံကထွက်သွားတော့ လုံးဝဝမ်းနည်းကြေကွဲခဲ့တာလေ.. သားငယ်လေးက သူ့ရဲ့သားအစစ်မဟုတ်ဘူး…သူမရဲ့ ကလေးအစစ် ဘယ်ကိုရောက်သွားခဲ့လဲဆိုတာကို သူမလည်း မသိခဲ့ဘူးလေ.. မိဘနှစ်ဦးစလုံးသေဆုံးခဲ့တာလေ.. သူ့ ခင်ပွန်းမှာလည်း မယားငယ်ရှိခဲ့တာလေ… သူက အသစ်ရောက်ရလာတဲ့လူလည်း မဟုတ်ဘူး… သူမ မထွက်သွားနိုင်ရင် ဒေါသကြောင့် သေသွားမှာပဲစိုးရိမ်နေခဲ့တာ… အဲ့အပြင် DNA စစ်ဆေးမှုသုံးခုကို ဓာတ်ပုံပြင်တဲ့နေရာမှာ သွားစစ်ဆေးတာ…အဲ့ဒါတွေက အစစ်တွေဖြစ်ပြီး ဘာမှပြင်ထားတာ မရှိဘူး…အဲ့တော့ အားလုံးရှင်းရှင်းလင်းလင်းဖြစ်လာပြီ… သားငယ်လေးကဒီဇိုင်းပညာရှင် ပိုင့် ရဲ့ကလေးဖြစ်ပါတယ်…ဒီဇိုင်နာပိုင့် က သူဌေးရှု နဲ့ အချိန်အကြာကြီး အတူတူရှိနေခဲ့ပြီး အဲ့ဒါက သူတို့လက်ထပ်ထိမ်းမြားမှုမတိုင်မီလား နောက်ပိုင်းမှလား ဆိုတာတော့ မသေချာဘူး…အတိုချုပ်ပြောရရင် သားတစ်ယောက်တောင်မှမွေးဖွားလာတယ်…မစ္စတာ ရှု ရဲ့ ရှုပ်ထွေးပွေလီတဲ့ ကိစ္စတွေကိုလည်း အတည်ပြုထားတယ်…ဒါကြောင့်ညီလေးဝမ် က သူတို့ရဲ့ ပိုင်ဆိုင်မှုအားလုံးကိုယူဖို့ တောင်းဆိုမှုက မမှားဘူးလေ…)

ငါ့အမြှီးကိုဘယ်ကောင်ထိတာလဲကွ!Where stories live. Discover now