chapter 18

44 1 0
                                    

Chapter 18
March 01, 2024
🦊Chapter 18

Arc 2 - လူမှားလက်ထပ်မိခြင်း

2.9

ရွှယ်လင်က ဤကမ္ဘာမှ အဓိကဖြစ်ရပ်များကို ထိန်းချုပ်နိုင်ခြင်းမရှိသော်လည်း သူ့ပတ်၀န်းကျင်တွင်ဖြစ်ပျက်ခဲ့သည့် သို့မဟုတ် သူနှင့်ဆက်စပ်သော အရာအားလုံးမှာ သူ့လက်အောက်တွင်ရှိသည်။

သူသိထားသော အရာအပေါ် အခြေခံ၍ နောက်ဖြစ်ပျက်မည့်အရာကိုကောက်ချက်ချရသည်မှာ ရိုးရှင်းလှသည်။

ထို့ကြောင့် ရွှယ်လင်က မစ္စတာကိုးလ်အိုဝင် အယ်လ်လိန်းလေးကို သူ့လက်ထဲတွင်ချီလျက် ၀င်လာသည်ကို တွေ့သောအခါတွင်လည်း သူလုံးဝအံ့အားသင့်မနေပေ။ သူက ခေါင်းညိတ်ပြပြီး အလွန်အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။

ဒွိုင်းလ်က ပွဲအနည်းငယ်ကိုကြည့်ချင်နေသောကြောင့် ခဏမျှစိတ်ပျက်သွားသည်။

“ ဒါကငါ့အစ်ကို…မိသားစုရဲ့အုပ်ထိန်းသူ ကိုးလ်အိုဝင်ပါ…သူ့လက်ထဲကတော့ မင်းသမီးလေး အယ်လ်လိန်း အိုဝင်လေ..သူက ကိုးလ်ရဲ့သမီးပေါ့…”

အခြေအနေက သူမျှော်မှန်းထားသည့်လမ်းကြောင်းသို့ ဝင်မလာသေးသည်ကို မြင်သောအခါ ဒွိုင်းလ်က နှစ်ဖက်စလုံးကိုမိတ်ဆက်ရန်ရှေ့သို့ထွက်လာသည်။

အပေါ်ယံတွင်မူ လူတိုင်းက တစ်ဦးနှင့်တစ်ဦး မသိဘဲ ထိုနေ့ညတွင်သာ ပထမဆုံးအကြိမ်တွေ့ဆုံခြင်းကဲ့သို့ ဖြစ်နေပုံရသည်။ သို့သော် အမှန်တကယ်မှာ ထိုနေရာမှ အခြေအနေများက အလွန်ရှုပ်ထွေးသည်။ လူတိုင်းလည်း ပါဝင်နေသည်။ မည်သည့်အရာမျှ မသိသော ဝမ်ရှို့ထင်နှင့်အယ်လ်လိန်း တို့မှလွဲ၍ တခြားလူများအားလုံးက အဆင့်မြင့်သရုပ်ဆောင်များဖြစ်ကြသည်။

ဝမ်မော့ပင်လျှင် ထိုညစာစားပွဲမှနေ၍ ယမ်းနံ့တချို့အား အနံ့ခံနိုင်သည်။ သူက ဦးလေးစကားကိုနားထောင်ကာ သူ့အစာအိမ်ကိုဖြည့်တင်းဖို့တစ်ခုခုစားခဲ့သည်မှာ ကောင်းသောအရာဟုပင် သေချာခံစားလိုက်ရသည်။

ထို​အစားကို ကောင်းကောင်းစားနိုင်သည်ဖြစ်စေ မစားနိုင်သည်ဖြစ်စေ အနံ့ကလေထဲတွင် လွင့်နေဆဲဖြစ်၏။

ငါ့အမြှီးကိုဘယ်ကောင်ထိတာလဲကွ!Where stories live. Discover now