chapter 8

71 6 0
                                    

Chapter 8
February 29, 2024
🦊Chapter 8

Arc 1 - လူမှားယွင်းယုံကြည်မိခြင်း

1.8 – ဘာပဲဖြစ်ဖြစ် ကြာကြာနေရမှာမှမဟုတ်တာ...ဘာတွေစိုးရိမ်နေတာလဲ

ညသန်းခေါင်တွင် ရွှယ်လင် ရုတ်တရက်နိုးလာပြီး မျက်လုံးဖွင့်လိုက်သည်။ ထို့နောက် အမှောင်ထဲတွင် တောက်ပနေသည့် မျက်လုံးတစ်စုံနှင့် အကြည့်ချင်းဆုံသွား၏။

ရွှယ်လင် : “…”

ချုံဟွေ့ : “…”

သန်းခေါင်ကျော်နေပြီဖြစ်ရာ မီးရောင်တစ်စပင်မရှိပေ။ မှောင်မိုက်သော အခန်းတွင်း၌ သူ့အိပ်ယာဘေးတွင် တစ်စုံတစ်ဦးလာထိုင်နေသည်။ ရွှယ်လင်၏ ကောင်းမွန်သောသမာဓိကြောင့် မဟုတ်ပါက အိမ်တော်တစ်ခုလုံး သူ၏ သရဲ ဟူသောအော်သံဖြင့် ပြည့်နှက်သွားပေလိမ့်မည်။

ရွှယ်လင် ကြောင်အသွားသည်။ တစ်ဖက်လူ၏ အမူအရာမဲ့သော မျက်နှာထားမှ အနည်းငယ် ရှက်ရွံမှုအား သူခံစားနေရ၏။ အချိန်အတော်ကြာသည့်နောက် သူက နှာခေါင်းပွတ်ကာ ပြောလိုက်သည်။

"စစ်သူကြီး ညသန်းခေါင် ဘာများအလိုရှိလို့ အလည်လာရပါလိမ့်...”

ပုန်ကန်သူများအား ဖြေရှင်းပြီးနောက် တစ်ချက်ပင်မနားပဲ အိမ်သို့ပြန်လာခဲ့ခြင်းဖြစ်သည်။ ထို့နောက် သွေးစွန်းနေသည့် အဝတ်များကို လဲလှယ်ကာ ထိုလူအား အပြေးလာတွေ့ခဲ့ခြင်းဖြစ်ကြောင်း ချုံဟွေ့ ပြောပြမည်မဟုတ်ပေ။ သူက ခဏစဥ်းစားပြီးနောက် “ဒီနေ့ကိစ္စမှာ မင်းကိုကျေးဇူးတင်ပါတယ်....”

ရွှယ်လင်က ဇာတ်ကြောင်းကို သိထားသည့်အလျောက် ချုံဟွေ့အား များစွာ အကူအညီပေးခဲ့သည်။ သူ၏ အကူအညီကြောင့် ချူံးဟွေ့၏ရန်သူများ အထိနာခဲ့ပြီး ချုံးဟွေ့အတွက် အကျအဆုံးနည်းခဲ့သည်။

သို့သော် ကျေးဇူးတင်ချင်လျှင်ပင် ညသန်းခေါင်အချိန်၌ တစ်ဖက်လူ အခန်းသို့ရောက်လာပြီး စောင့်ကြည့်ရန်မလိုအပ်ပေ။

ရွှယ်လင်က မည်သည့် အမူအယာမှမပြပဲ ပြန်ပြောသည်။

“ဒါက ကျွန်တော် လုပ်သင့်တဲ့ကိစ္စပါပဲ...ကျွန်တော့်မိဘတွေ သေဆုံးခဲ့ရတဲ့ မိသားစုသွေးကြွေးကြောင့်ပါ...စစ်သူကြီး ကျွန်တော့်ကို တကူးတကကျေးဇူးတင်ဖို့ မလိုပါဘူး....”

ငါ့အမြှီးကိုဘယ်ကောင်ထိတာလဲကွ!Where stories live. Discover now