chapter 16

39 1 0
                                    

Chapter 16
March 01, 2024
🦊Chapter 16

2.7 - မစ္စတာအိုဝင် ​နောက်တစ်ကြိမ် ပြန်တွေ့ရတာ ဝမ်းသာပါတယ်

ရွှယ်လင်သည် အချိန်ကာလ၏ကုန်ဆုံးသွားမှုကို သိပ်ဂရုမထားမိခဲ့​ပေ။ သို့သော် မူလက သူ့ပေါင်အထိသာရှိသော်လည်း တဖြည်းဖြည်းကြီးထွားလာကာ ယခု သူ့ခါးအထိ ရောက်ရှိလာ​သော က​လေးငယ်လေးကို ကြည့်ပြီးနောက် အချိန်ကာလကုန်ဆုံးသွားခြင်း၏ အဓိပ္ပါယ်ကို ရုတ်တရက် သဘောပေါက်သွားသည်။

သို့​သော် ဝမ်​မော့၏ကြီးပြင်းနှုန်းသည် စကား​ပြောဆိုခြင်း တိုးတက်လာမှုယှဥ်လျှင် သိသိသာသာ ကွာခြား​ပေသည်...

လွန်ခဲ့သည့် နှစ်နှစ်ကျော်က လေတိုက်သည်ဖြစ်စေ မိုးရွာသည်ဖြစ်​စေ ရွှယ်လင်သည် ဝမ်​မော့အား နှစ်ပတ်တစ်ကြိမ် စိတ်ရောဂါအထူးကုဆေးခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။ ကုသမှုနှင့် သူ့မိသားစု၏ စောင့်ရှောက်မှုကြောင့် ဝမ်​မော့၏ ပြင်ပကမ္ဘာအားခုခံ​နေမှုသည် တဖြည်းဖြည်း လျော့နည်းလာခဲ့သည်။ သူသည် ဂီတတွင် လုံးလုံးလျားလျား နှစ်မြှုပ်ပြီး ကမ္ဘာကြီးကို ပိတ်ဆို့တားဆီးထားသေးသော်လည်း အနည်းဆုံးတော့ အခြားသူများနှင့် ဆက်ဆံရာတွင် ပြဿနာတော့မရှိပေ။

သူ အမှန်တကယ် စကားမပြောချင်ရုံသာဖြစ်၏။

ပထမတွင် သူ့ရောဂါလက္ခဏာများသည် အနည်းငယ်ပြင်းထန်ကြောင်း ဆရာဝန်က ရှင်းရှင်းလင်းလင်းပြောပြခဲ့ပြီး ရွှယ်လင်အား သူ့ကို အထူးဂရုစိုက်​ပေးရန် အကြံပြု​ပြောဆိုခဲ့သည်။ နေ့တိုင်း ဝမ်​မော့နှင့်အတူရှိ​နေပြီး လုံခြုံသည့်ခံစားချက်ကို ပေးစွမ်းနိုင်လျှင် အကောင်းဆုံးပင်။ ထိုမှသာ သူသည် ကမ္ဘာကြီးကို ပိုမိုစက်ဆုပ်လာလိမ့်မည် မဟုတ်ဘဲ သူ့ကိုယ်တိုင် တစ်သားတည်းဖြစ်လာ​ပေလိမ့်မည်။

ရွှယ်လင်သည် လုပ်ငန်းတစ်ခုစတင်ခြင်းနှင့် ငွေရှာရန် အလုပ်များနေသော်လည်း ဝမ်​မော့နှင့်အတူ​နေ​ပေးရန် အချိန်​ပေးနေဆဲဖြစ်၏။ ထို့​ကြောင့်ပင် ဝမ်​မော့၏ ဂီတစွမ်းရည်ကို ရှာဖွေတွေ့ရှိခဲ့သည်။

ငါ့အမြှီးကိုဘယ်ကောင်ထိတာလဲကွ!Where stories live. Discover now